၂၄ ဩဂုတ်
အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား ပြည်နယ်၌ ရာသီဉတု ခြောက်သွေ့မှုနှင့် အပူချိန် မြင့်မားမှုတို့ကြောင့် ဆက်လက်ဖြစ်ပွားနေသော တောမီး လောင်ကျွမ်းမှုကြောင့် လူ ငါးဦး ထက်မနည်း သေဆုံးခဲ့ပြီး လူပေါင်း ၁၂၀ဝ၀ဝ နီးပါး ဘေးလွတ်ရာသို့ ထွက်ပြေးကြသည်။
ဇူလိုင်လနှောင်းပိုင်းက စတင်ဖြစ်ပွားခဲ့သော တောမီးလောင်ကျွမ်းမှုသည် ယခုအချိန်အထိ စတုရန်းကီလိုမီတာ ၄၀ဝ၀ ခန့်၊ တိုကျိုမြို့တော် ဧရိယာ နှစ်ဆနီးပါး လောင်ကျွမ်းခဲ့သည်။
အဆိုပါ တောမီးလောင်ကျွမ်းမှုများမှာ အပူချိန်ပြင်းထန်လျက်ရှိသည့် အချိန်၌ မိုးကြိုးပစ်ခတ်မှုများကြောင့် ဖြစ်ပေါ်ခဲ့သည်ဟု သတင်းများအရ သိရသည်။
မိုးလေဝသ တာဝန်ရှိသူများက တနင်္လာနေ့မှစ၍ မိုးသက်မုန်းတိုင်များ ထပ်မံပစ်ခတ်မည်ဟု ခန့်မှန်းထားကာ တောမီးများ ဆက်လက် လောင်ကျွမ်းမည်ကို စိုးရိမ်မှုများ ဖြစ်ပေါ်နေကြသည်။
မီးသတ်သမား ၁၃၀ဝ၀ ကျော်နှင့် အခြားသူများသည် ထိုတောမီးလောင်ကျွမ်းမှုကို ထိန်းချုပ်နိုင်ရန် ဝိုင်းဝန်းကြိုးပမ်းလျက်ရှိသည်။
ကယ်လီဖိုးနီးယား အာဏာပိုင်များက ကနေဒါ၊ ဩစတြေးလျနိုင်ငံတို့နှင့် အခြားသောအမေရိကန် ပြည်နယ်များအား အကူအညီများ တောင်းခံထားသည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို