ကယ်လီဖိုးနီးယားပြည်နယ်တွင် တနင်္လာနေ့ နံနက်ပိုင်းက လှေတစ်စင်း မီးလောင်ပြီး နစ်မြုပ်ခဲ့ရာ လူရှစ်ဦးသေဆုံးခဲ့ပြီး ၂၆ဦးမှာ ပျောက်ဆုံးနေကြောင်း အာဏာပိုင်များက ပြောကြားသည်။
မီတာ ၂၀ ရှိ အဆိုပါလှေသည် လော့အိန်ဂျလိဒ်မြို့ ဆန်တာခရူကျွန်းအလွန်၌ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။
သေဆုံးသူလေးဦး၏ ရုပ်လောင်းများကို ကမ်းခြေစောင့်တပ်ဖွဲ့က ဆယ်ယူခဲ့သည်ဟု ဆိုသည်။
ကမ်းရိုးတန်းစောင့် ရေယာဉ်၏ အမှုထမ်းများသည် အဆိုပါ လှေအား မီးငြှိမ်းသတ်ရန် ကြိုးစားစဉ် အဆိုပါ လှေမှာ နစ်မြုပ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောကြားခဲ့သည်။
မီးလောင်မှုအတွင်း လှေပေါ်မှ ခုန်ချသူ လှေမောင်းသမား ငါးဦးအား ကယ်ဆယ်နိုင်ခဲ့သည်ဟု ဆိုသည်။
အဆိုပါ လှေသည် ခရီးစဉ် သုံးရက်ပြီးနောက် တနင်္လာနေ့တွင် Santa Barbara သို့ ပြန်ရန် စီစဉ်ထားခဲ့ခြင်း ဖြစ်သည်။
ကိုးကား-ကျိုဒို
ဘာသာပြန်-မေဇော်ထက်