ကယ်လီဖိုးနီးယား အောက်တိုဘာ ၃
အမေရိကန်အနောက်ပိုင်းပြည်နယ် ကယ်လီဖိုးနီးယားတွင် ကျောင်းတက်မည့် ကျောင်းသားများကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးရန် ပြဋ္ဌာန်းသွားမည်ဟု သိရသည်။
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနမှ ကလေးများအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးရန် ထောက်ခံချက်ပေးပြီးနောက်ပိုင်းတွင် ကာကွယ်ဆေးထိုးရန် လိုအပ်ချက်ကို အသက်အပိုင်းအခြားအလိုက် တဖြည်းဖြည်းချင်း သတ်မှတ်သွားမည်ဟု ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူး ဂါဗင်နယူးဆန်က အောက်တိုဘာ ၁ ရက် တွင် ပြောသည်။
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနမှ အသက်၁၆ နှစ်နှင့် အထက်များကို ကာကွယ်ဆေးထိုးပေးရန် ထောက်ခံချက်ပေးခဲ့ပြီး အသက် ၁၂ နှစ်မှ ၁၅ နှစ်များကိုလည်း လိုအပ်ချက်အပေါ် အခြေခံကာ ကာကွယ်ဆေးထိုးပေးရန် တရားဝင်ခွင့်ပြုပေးခဲ့သည်။ အသက် ၁၂ နှစ်အောက်ကလေးများအတွက် ကာကွယ်ဆေးလိုအပ်ချက်မှာ စမ်းသပ်ဆဲကာလဖြစ်သည်။ အသက် ၁၂ နှစ်အထက်များအတွက်ကာကွယ် ဆေးထိုးပေးရန် လာမည့်ဇူလိုင်လတွင် စတင်နိုင် မည်ဟု မျှော်လင့်ထားပြီး အသက် ၁၂ နှစ်အောက်များ ကိုမူ ယင်းအချိန်ထက်နောက်ကျပြီးမှ ကာကွယ်ဆေးထိုးရန် ခွင့်ပြုပေးနိုင်မည်ဟု မျှော်လင့်ထားကြသည်။
ကယ်လီဖိုးနီးယားတွင် ကျောင်းဆရာဆရာမများနှင့် ဝန်ထမ်းများ အပတ်စဉ်ဆေးစစ်မှုပြုလုပ်ရန်နှင့် ကာကွယ်ဆေးထိုးရန် ညွှန်ကြားထားပြီးဖြစ်သည်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကလည်း ပြည်သူများ ကာကွယ်ဆေးထိုးကြရန် စိတ်အားထက်သန်စွာ တိုက်တွန်းထားသည်။
အင်န်အိတ်ချ်ကေ