၁၀ စက်တင်ဘာ

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် ဘူတီစီရင်စု၌ တောမီးလောင်ကျွမ်းမှုကြောင့် လူသုံးဦး သေဆုံးခဲ့ကြောင်း ဒေသန္တရမီဒီယာက စက်တင်ဘာလ ၉ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

 

လူနှစ်ဉီးသည် တစ်နေရာစီ၌ သေဆုံးနေခြင်းဖြစ်ကြောင်း ဘူတီစီရင်စု ရဲအရာရှိဖြစ်သူ ရှာရီဖာ ကိုရီ ဟိုနီရာက ပြောကြားခဲ့သည်။

 

သေဆုံးသူသုံးဉီးထဲအနက် တစ်ဉီးမှာ ကားအတွင်းတွင်  ရှာဖွေတွေ့ရှိခဲ့ပြီး ကားအတွင်းမှ ထွက်ပြေးရန် ကြိုးစားနေစဉ် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်များအရ သိရှိရသည်။

 

ကယ်လီဖိုးနီးယားပြည်နယ်မြောက်ပိုင်း၌ တောမီးလောင်ကျွမ်းမှုများသည် သုံးပတ်ကြာဖြစ်ပွားနေမှုကြောင့် ထောင်နှင့်ချီသော လူများသည် နေအိမ်များမှစွန့်ခွာ ထွက်ပြေးရန် ပြင်ဆင်လျက်ရှိသည်။

 

မီးသတ်သမားများက မီးငြှိမ်းသတ်မည့်အလုပ်ကို လုပ်ရမည်ဖြစ်သော်လည်း ထွက်ပြေးနေသည့် လူများ ကယ်ဆယ်ရန် အာရုံစိုက်နေရကြောင်း မီးသတ်ဌာနအကြီးအကဲဖြစ်သူ ဂျက်ကီ ကာဂယ်က မီဒီယာများသို့ ပြောကြားခဲ့သည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မေဇော်ထက်