၂၀ ဩဂုတ်
အမေရိကန်ပြည်ထောင်စု အနောက်ဘက်ကမ်းရိုးတန်း တစ်လျှောက် တောမီးများ လောင်ကျွမ်းမှုကြောင့် ကယ်လီဖိုးနီးယားပြည်နယ်က အရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့သည်။
မီးများအား ငြှိမ်းသတ်ရန်နှင့် အများပြည်သူလုံခြုံမှုကို ကာကွယ်ရန်အတွက် အစိုးရအေဂျင်စီများက အရင်းအမြစ်များကို အသုံးပြုခွင့်ရရန် ပြည်နယ်တစ်ခုလုံးကို အရေးပေါ်အခြေအနေအဖြစ် ကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူးက ကြေညာခဲ့သည်။
ပြင်းထန်သောအပူလှိုင်းနှင့် ခြောက်သွေ့သည့် ရာသီဥတုကြောင့် တောမီးလောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။
မီးလောင်ကျွမ်းမှုပေါင်း ၃၀ကျော် ဆက်လက်လောင်ကျွမ်းလျက်ရှိကြောင်း လော့အိန်ဂျယ်လိစ်တိုင်းမ် သတင်းက ထုတ်ပြန်ထားသည်။
မှေးမှိန်နေသည့် နေအိမ်များနှင့် မီးခိုးများ၊ ကောင်းကင်မီးခိုးများကို ပြသထားကြောင်း ရုပ်သံဖိုင်များအရ ရိုက်ကူးထားသည့် ပုံများတွင် မြင်တွေ့ရသည်။
တစ်ပတ်အတွင်း အပူချိန်မြင့်မားနေဦးမည်ဖြစ်သော်လည်း စိုထိုင်းဆ အဆင့်များကျဆင်းသွားပြီး တောမီးလောင်ကျွမ်းမှု အန္တရာယ်ကိုမြင့်တက်စေကြောင်း အမေရိကန်ပြည်ထောင်စု မိုးလေဝသ အာဏာပိုင်များက ပြောကြားခဲ့သည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်