ကယ်လီဖိုးနီးယား  ၂၉   ဧပြီ

 

    
အမေရိကန်ပြည်ထောင်စု  ကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်းရှိ ရဟူဒီဘုရားရှိခိုးကျောင်းတစ်ခု၌ သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ အမျိုးသမီး တစ်ဦးထိမှန်၍ သေဆုံးခဲ့ပြီး     လူသုံးဦး    ထိခိုက်ဒဏ်ရာများရရှိခဲ့သည်ဟု    ယမံနေ့အင်န်အိတ်ချ်ကေ သတင်းတစ်ရပ်အရ သိရသည်။

 


အဆိုပါအခင်းဖြစ်ပွားမှုသည် ကယ်လီဖိုးနီးယား ပြည်နယ်  ဆန်ဒီရေဂိုစီရင်စုရှိ ပိုဝေးမြို့တွင်  ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

 


အသက်  ၁၉  နှစ်အရွယ်  ဂျွန်အန်းနက်စ်က  ရဟူဒီဘုရားကျောင်းအတွင်းသို့ ဝင်ရောက်ကာ သေနတ်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။   အခင်းဖြစ်ပွားစဉ်တွင်   ဘုရားကျောင်း အတွင်း၌    ဂျူးဘာသာရေးပွဲတော်ကျင်းပလျက်ရှိကာ လူများစည်ကားများပြားလျက်ရှိခဲ့သည်။

 


ဂျွန်အန်းနက်စ်သည် ပြစ်မှုကျူးလွန်ခဲ့ပြီးနောက်မော်တော်ကားဖြင့် ထွက်ခွာသွားခဲ့သည်။  ထို့နောက်မကြာမီအချိန်တွင် ၎င်းကိုယ်တိုင် ရဲစခန်းသို့ သွားရောက်ဖမ်းဆီးခြင်းခံခဲ့ကြောင်း သိရသည်။

 


ဂျွန်အန်းနက်စ်သည်  ဆန်ကိုဒီဒိုမြို့ရှိ ဘာသာရေး ကျောင်းတစ်ခုအား      မီးရှို့ ခဲ့သူဟု   ရဲအရာရှိများက သံသယရှိခဲ့သည်။  ဂျွန်အန်းနက်စ်၏  လှုပ်ရှားမှုများနှင့်ပတ်သက်ပြီး ဖေ့ဘွတ်ခ်စာမျက်နှာတွင် ပို့စ်တင်ထားသော မှတ်ချက်များကို ရဲအရာရှိများက စုံစမ်းစစ်ဆေးလျက်ရှိသည်။ လွန်ခဲ့သော  အောက်တိုဘာလက    ပင်ဆယ်ဗေး နီးယားပြည်နယ်ရှိ ရဟူဒီဘုရားရှိခိုးကျောင်းတွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး လူ ၁၁ ဦး သေဆုံးခဲ့သည်။

 


အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က ယနေ့ဖြစ်ပွား ခဲ့သော ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်းရှိ ရဟူဒီဘုရားရှိခိုးကျောင်း သေနတ်ပစ်ခတ်မှုတွင် သေဆုံးခဲ့သူနှင့်ထိခိုက်ဒဏ်ရာ ရရှိခဲ့သူများအတွက် ဝမ်းနည်းပါကြောင်း သူ၏တွစ်တာစာမျက်နှာတွင် ဖော်ပြခဲ့သည်။ 

 


အင်န်အိတ်ချ်ကေ