၈ သြဂုတ်
အမေရိကန်နိုင်ငံ အနောက်ပိုင်း ကယ်လီဖိုးနီးယားပြည်နယ် ကမာရီလ်လိုလေဆိပ်၌ ယမန်နေ့က လေယာဉ်ငယ်တစ်စီးပျက်ကျခဲ့သဖြင့် လူနှစ်ဦး သေဆုံးခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
ယမန်နေ့ ဒေသစံတော်ချိန် ၁ နာရီ ၃၀ မိနစ်ခန့်၌ လေဆိပ်အဆောက်အအုံတစ်ခုပေါ်သို့ အင်ဂျင်တစ်လုံးတပ်လေယာဉ်တစ်စီး ပျက်ကျခဲ့သည်ဟု ထိုပြည်နယ်ရှိ မီးသတ်ဦးစီးဌာန ပြောကြားချက်အရ သိရသည်။
ထိုလေယာဉ်ငယ်ပျက်ကျမှုကြောင့် နှစ်ဦးသေဆုံးခဲ့သည်။ ထိုဖြစ်ရပ်နှင့်ပတ်သက်ပြီး အသေးစိတ်အချက်အလက်များကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း ဖက်ဒရယ်လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု နှင့် အမျိုးသားသယ်ယူပို့ဆောင်ရေးဆိုင်ရာ လုံခြုံရေးဘုတ်အဖွဲ့တို့က အခင်းဖြစ်ပွားရာနေရာသို့ သွားရောက်နေကြောင်း ၎င်းမီးသတ်ဌာနက တွစ်တာတွင် ရေးသားခဲ့သည်။
စီးရီး ၂၀ဝ၀ (Series 2000) အမျိုးအစား ထိုလေယာဉ်ငယ်တစ်စီးသည် မြက်ခင်းပြင်ထဲသို့ ပျက်ကျခဲ့ပြီးနောက် ဆိုးဆိုးရွားရွားပျက်စီးခဲ့သည်ဟု ဒေသန္တရသတင်းများတင်ပြသည့် KTLA ရုပ်သံဌာနက သတင်းဖော်ပြခဲ့သည်။
အဆိုပါ လေယာဉ်ပျက်ကျရသည့် အကြောင်းရင်းကို မသိရှိရသေးကြောင်း နှင့် ဆက်လက်စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။
ကိုးကား- ဆင်ဟွာ
ဘာသာပြန် - မြင့်မြင့်ချို