ဇူလိုင် ၄
ကယ်လီဖိုးနီးယားအလယ်ပိုင်းတွင် တောမီးလောင်ကျွမ်းမှုသည် ဇူလိုင် ၂ ရက်ညပိုင်းမှ ၃ ရက်နေ့အထိ လျင်မြန်စွာ ကူးစက်ပျံ့နှံ့သွားကာ တောမီးအကြီးအကျယ်လောင်ကျွမ်းမှုကြောင့် အဝေးပြေးလမ်းမတစ်စိတ်တစ်ပိုင်း ပိတ်ထားရပြီး ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန်ညွှန်ကြားထားကြောင်း ဖော်ပြထားသည်။
San Luis Obispo ခရိုင်တွင် လောင်ကျွမ်းသောတောမီးသည် ဧက ၅၂၅၉၃ ( ၂၁၂ ဒသမ ၈ စတုရန်းကီလိုမီတာ) အထိ ကူးစက်ပျံ့နှံ့ခဲ့သည်ဟု သစ်တောနှင့် မီးဘေးကာကွယ်ရေးဌာန၏နောက်ဆုံးထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါတောမီးသည် ညလုံးပေါက်ဆက်လက်လောင်ကျွမ်းနေပြီး တောင်ကြောထိပ်များနှင့်ရေနုတ်မြောင်းများတွင် မီးကူးစက်ပျံ့နှံ့လျက်ရှိကြောင်းနှင့် တောမီးလောင်မှုသည် ယခုနှစ်လက်ရှိအချိန်အထိ ကယ်လီဖိုးနီးယားတွင် အကြီးမားဆုံးလောင်ကျွမ်းမှုဖြစ်ကြောင်း ထိုဌာနက ဖော်ပြထားသည်။
ထိုခရိုင်အတွင်းရှိ အဝေးပြေးလမ်းမကြီး ၁၆၆ အနီးအနားနှင့် ယင်းလမ်းမကြီး၏ တစ်စိတ်တစ်ပိုင်းကို ပိတ်ထားပြီး ဘေးလွတ်ရာ ရွှေ့ပြောင်းရန် အမိန့်ထုတ်ပြန်ထားသည်။ တောမီးလောင်ကျွမ်းမှုဖြစ်ပွားရသည့် အကြောင်းရင်းကိုသိရှိရန် စုံစမ်းစစ်ဆေးလျက်ရှိသည်ဟု သိရသည်။
ကိုးကား- ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို