လော့စ်အိန်ဂျလိစ် ဒီဇင်ဘာ ၁၁
အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားတောင်ပိုင်း မာလီဘူး၌ တောမီးလောင်မှုမှာ ဒီဇင်ဘာ ၁၀ ရက်တွင် ဧက ၂၂၀၀ အထိ ကျယ်ပြန့်လာသည့်အတွက် ဘေးလွတ်ရာသို့ ရွှေ့ပြောင်း မှုများ ချက်ချင်းလုပ်ဆောင်ခဲ့ရသည်။
ဖရန့်ကလင်း ဖိုင်းယားဟု အမည်ပေးထားသည့် တောမီးသည် ဒီဇင်ဘာ ၉ ရက် ညပိုင်း က စတင်လောင်ခဲ့ခြင်းဖြစ်ပြီး လော့စ်အိန်ဂျလိစ်ကောင်တီရှိ မာလီဘူးပြည်နယ် ပန်းခြံမှ စတင် လောင်ခဲ့ခြင်းဖြစ်သည်။
လေပြင်းတိုက်ခတ်မှုကြောင့် လျှပ်စစ်ပစ္စည်းများ ပျက်စီးနိုင်ပြီး တောမီးလောင်မှုဖြစ်ပွားစေနိုင်သည့် အတွက် ဒီဇင်ဘာ ၉ ရက် ညပိုင်းတွင် လျှပ်စစ်မီးများ ပိတ်ထားရကြောင်း ဒေသခံမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။ ကယ်လီဖိုးနီးယား သစ်တောနှင့် မီးဘေးကာကွယ်ရေးဌာနမှ ဘေးလွတ် ရာသို့ ပြောင်းရွှေ့ရေး အမိန့်ထုတ်ပြန်ခဲ့သည်။
တောမီးလောင်မှုဖြစ်ပွားသည့်နေရာသို့ အများပြည်သူများ သွားလာခွင့်ပိတ်ပင်ထားသည်။ တောမီး ကို လတ်တလောတွင် ငြှိမ်းသတ်နိုင်ခြင်းမရှိဘဲ ဆက်လက်လောင်နေဆဲဖြစ်သည်။
တောမီးလောင်မှုနှင့် လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုကြောင့် မာလီဘူးရှိ စာသင်ကျောင်းများကို ဒီဇင်ဘာ ၁၀ ရက်က ပိတ်ထားကြောင်း ကြေညာခဲ့သည်။
ဆင်ဟွာ