၁၉ ဖေဖော်ဝါရီ

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းရဲ့ ဖခင် ကွယ်လွန်သူ ကင်ဂျုံအီရဲ့ မွေးနေ့ကို နှင်းထုတွေကြား အပူချိန် အနုတ် ၈ ဒီဂရီ အောက်မှာ ခြိမ့်ခြိမ့်သဲသဲ ကျင်းပနေတာကို တွေ့ရပါတယ်။

ကင်ဂျုံအီကို မြောက်ကိုရီးယားနိုင်ငံ တည်ထောင်သူ ကင်အီစွန်း ကနေ ၁၉၄၂ ခုနစ် ဖေဖော်ဝါရီလ ၁၆ နေ့မှာ ပိုက်ကျူတောင်မှာ မွေးဖွားခဲ့ပါတယ်။ အဲဒီနေရာကို မြောက်ကိုရီးယားတွေက တန်ခိုးရှင်မွေးဖွားရာနေရာလို့ သတ်မှတ်ထားပါတယ်။ ဒါပေမယ့် ဆိုဗီယက်မှတ်တမ်းအရ ကင်ဂျုံအီကို ဖခင် ကင်အီစွန်း ပြည်ပကိုထွက်ပြေးနေစဉ် ဆာဗီးယားရှိ ကျေးရွာတစ်ရွာမှာ တစ်စောပြီး မွေးဖွားခဲ့တယ်လို့ သိရပါတယ်။

မြောက်ကိုရီယားနိုင်ငံမှာ ဖေဖော်ဝါရီ ၁၆ ရက်နေ့ကို ကြယ်တောက်ပတဲ့နေ့ ဟုသတ်မှတ်ပြီးမွေးနေ့ပွဲကို နိုင်ငံနဲ့ အဝန်းမှာ နှစ်စဉ်ကျင်းပကြပါတယ်။ ဒီနှစ်ကျင်းပတဲ့ မွေးနေ့ပွဲမှာ ပန်းအလှပြပွဲ၊ စကတ်စီးပြိုင်ပွဲ၊ လူအုပ်စုလိုက်ကပွဲ၊ ရေကူးမယ်တွေရဲ့ ရေထဲမှာ အုပ်စုလိုက်ကပွဲ နဲ့အတူ မီးရှူးမီးပန်းအလှပြဖောက်ခွဲတာတွေပါ ပါရှိကြောင်းသိရပါတယ်။

ကင်ဂျုံအီဟာ ၂၀၁၁ ခုနှစ်က သေဆုံးရာ သူ့ရဲ့ဗိမာန်ကို ပြုံးယမ်းမြို့ပြင်မှာ တည်ဆောက်ထားပါတယ်။ ကင်ဂျုံအီဟာ ကွယ်လွန်သွားပေမယ့် ကိရီးယားအလုပ်သမားပါတီရဲ့ ထာဝရအတွင်းရေးမှူးအဖြစ် တရားဝင်တည်ရှိနေဆဲဖြစ်ပါတယ်။
MDN
ကိုးကား - AFP
