ဖယ်ခုံ ၂၃ ဇွန်
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ် ကယန်းမြေမျိုးစေ့ထုတ် သမဝါယမအသင်းမှ အသင်းသား တောင်သူများသည် အရည်အသွေးကောင်းမွန်သော ပြောင်းမျိုးစေ့နှင့် နေကြာမျိုးစေ့များကို စိုက်ပျိုးထုတ်လုပ်လျက်ရှိသည်။
ပြောင်းမျိုးစေ့များ စိုက်ပျိုးပါက တစ်ဧကလျှင် တင်း(၆၀) ထွက်ရှိပြီး နေကြာမျိုးစေ့မှာ တစ်ဧကစိုက်လျှင် တင်း(၈၀) ထွက်ရှိကြောင်းနှင့် အဆိုပါမျိုးစေ့များကို တစ်ဧကစာ တစ်အိတ်လျှင် ငွေကျပ်(၁၅၀၀၀)နှုန်းဖြင့် စျေးနှုန်းသက်သာစွာ ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သမဝါယမဦးစီးဌာနမှ သိရှိရသည်။
MDN


