ကျယ်ပြန့်သောအခြေခံမူနှင့် အပြန်အလှန်ညှိနှိုင်းနိုင်စွမ်း

ဇန်နဝါရီ

 

မြန်မာ့အလင်းအယ်ဒီတာအာဘော်

 

၁၉၄၇ ခုနှစ်၊ မေလ၌ကျင်းပခဲ့သော ... ပဏာမ ပြင်ဆင်မှု ညီလာခံ၌ လူမျိုးစုတိုင်းတန်းတူရရှိရေးနှင့် ပြည်ထောင်စုနိုင်ငံတော် ထူထောင်ရေးအတွက် အဆိုပါ တန်းတူရေးအပေါ်အခြေခံသည့် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေရေးဆွဲရေးတို့ကို ချမှတ်ခဲ့ပါသည်။ အဆိုပါ ဆုံးဖြတ်ချက်နှစ်ရပ်သည် လွတ်လပ်သော နိုင်ငံတော်သစ်အတွက် အခြေခံ အုတ်မြစ်ကို ချပေးခဲ့ပါသည်။

 

 

လွတ်လပ်သော နိုင်ငံတော်သစ်အတွက် ပြင်ဆင်ဆောင်ရွက်နေသော တိုင်းပြည်ပြုလွှတ်တော်၌ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းက ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေရေးဆွဲနိုင်ရေးအတွက် လမ်းòန်မှု ခုနစ်ရပ်ကို ချမှတ်ပေးခဲ့ပါသည်။ အဆိုပါ လမ်းòန်မှုခုနစ်ရပ်မှာ () အချုပ်အခြာအာဏာပိုင်သော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ဖြစ်စေရမည်။ () ကိုယ်ပိုင်အုပ်ချုပ်ရေးအာဏာ အပြည့်အစုံရှိသော ပြည်နယ်များပါဝင်သည့် ပြည်ထောင်စုကို ဖွဲ့စည်းရမည်။ () အချုပ်အခြာ အာဏာသည် တိုင်းသူပြည်သားများထံမှ ဆင်းသက်စေရမည်။ () လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးတို့၌ အယုတ်အလတ်အမြတ်မရွေး တန်းတူညီမျှမှု ရှိစေရမည်။ () လူနည်းစုကို အကာအကွယ်ပေးရမည်။() ပြည်ထောင်စု တည်တံ့ခိုင်မြဲရေးနှင့် အချုပ်အခြာအာဏာစိုးမိုးရေးကို ဥပဒေနှင့်အညီ ဆောင်ရွက်ရမည်။ () က္ဘာ့နိုင်ငံများနှင့် ရင်ပေါင် တန်း၍ ငြိမ်းချမ်းစွာဆက်ဆံရေးကို ရှေးရှုစေရမည်တို့ ဖြစ်ပါသည်။

 

 

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းချမှတ်ခဲ့သော ဤလမ်းòန်မှု ခုနစ်ရပ်ကို လေ့လာသုံးသပ်ပါက မြန်မာလူမျိုးအပါအဝင် တိုင်းရင်းသားလူမျိုးအားလုံးက လက်ခံနိုင်သည့် ကျယ်ပြန့်သော အခြေခံမူ များဖြစ်သည်ကို တွေ့ရပါသည်။ ကျယ်ပြန့်သော အခြေခံမူတို့၏ သဘော သည် သဘောထားမတူကွဲပြားသော အင်အားစုတို့အကြား အပြန်အလှန် ဆွေးနွေးနိုင်မည့် အနေအထားတစ်ရပ်ကို ဖန်တီးပေးနိုင်ခြင်း ဖြစ်ပါသည်။ သို့သော် ကျယ်ပြန့်လွန်းပါကလည်း အပြန်အလှန်ဆွေးနွေးမှုတို့ကို ဘုံဦးတည်ချက်သို့ရောက်ရှိစေရန် စုစည်းပေးနိုင်စွမ်းရှိမည် မဟုတ်ပါ။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ချမှတ်ခဲ့သည့် လမ်းòန်မှု ခုနစ်ရပ်သည် အပြန်အလှန် အပေးအယူလုပ်နိုင်စွမ်းအပေါ် အခြေခံ၍ လွတ်လပ်သော နိုင်ငံတော်သစ်၏ ပကတိလိုအပ်ချက်ကို ထင်ဟပ်ချမှတ်ထားခြင်း ဖြစ်ပါသည်။

 

 

သို့သော် ကြေကွဲစရာကောင်းသည်မှာ ၁၉၆၂ ခုနှစ်၌ ပြည်နယ်များ ညီညွတ်ရေးအဖွဲ့က တင်ပြသော ပြည်ထောင်စုမူမှာ ပြည်နယ်များ၏ စိုးရိမ်သောက သက်သက်အပေါ်၌သာ အခြေခံတင်ပြထားခြင်းဖြစ်ပါသည်။ ပြည်ထောင်စု၏ အနာဂတ်နှင့်ပတ်သက်၍ ပြည်နယ်တို့၏ စိုးရိမ်သောက အပေါ် အလေးအနက်ထား သုံးသပ်ရမည်ဖြစ်သော်လည်း စိုးရိမ်သောက သက်သက်အပေါ် အခြေခံတင်ပြထားသည့် အဆိုပါပြည်ထောင်စုမူ၌ အပြန်အလှန် အလျော့အတင်းလုပ်နိုင်သည့် အနေအထားတို့ ပါးလျား နေသည်ကို တွေ့ရပါသည်။ ဤပြည်ထောင်စုမူ၌ အချက်လေးရပ် ပါဝင်ပါသည်။ အဆိုပါ အချက်လေးရပ်မှာ () မြန်မာပြည်မအား ပြည်နယ်တစ်ခုအဖြစ် ဖွဲ့စည်းရေး၊ () လွှတ်တော်နှစ်ရပ်အား အာဏာ တန်းတူပေးရေး၊ () လူမျိုးစုလွှတ်တော်သို့ ပြည်နယ်တိုင်းက တူညီသော ကိုယ်စားလှယ်စေလွှတ်ရေး၊ () ပြည်နယ်များက ¤င်းတို့ဆန္ဒအလျောက် လွှဲအပ်သော အာဏာတို့ကို ပြည်ထောင်စု ဗဟိုအစိုးရသို့ ကန့်သတ်ပေး၍ ကျန်အာဏာ (ပိုမိုကျယ်ပြန့်သောအာဏာ)တို့ကို ပြည်နယ်တို့ထံ၌ ထားရှိ ရေးတို့ ဖြစ်ပါသည်။

 

 

အဆိုပါ ပြည်ထောင်စုမူ၌ ပြည်နယ်တို့က ကိုယ်ပိုင်အုပ်ချုပ်ရေး အာဏာအပြည့်အဝ ခံစားခွင့်ရှိစေရန် မြန်မာပြည်မကို ပြည်နယ်တစ်ခု အဖြစ် ဖွဲ့စည်းရမည်ဟူသော နည်းလမ်းသေအပေါ် အခြေခံထားသည်ကို တွေ့ရပါသည်။ အဆိုပါ နည်းလမ်းသေအစား ပြည်နယ်တို့အား ကိုယ်ပိုင် အုပ်ချုပ်ရေးအာဏာ အပြည့်အဝခံစားခွင့်ရှိစေမည့် နည်းလမ်းတို့ကို ညှိနှိုင်းဆွေးနွေးရန်ဆိုပါက အောင်မြင်နိုင်မည့် အခွင့်အလမ်းတို့ကို ပိုမို ကျယ်ပြန့်လာစေမည် ဖြစ်ပါသည်။ နိဂုံးချုပ်အားဖြင့် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းချမှတ်ခဲ့သည့် ကျယ်ပြန့်သော လမ်းòန်မှုခုနစ်ရပ်က တိုင်းပြည်လွတ်လပ်ရေးကို အရယူပေးခဲ့သည်ကို နှလုံးသွင်း၍ (၂၁) ရာစု ပင်လုံညီလာခံ၌ အနာဂတ်ပြည်ထောင်စု နိုင်ငံတော်သစ်အတွက် ကျယ်ပြန့်သော နိုင်ငံရေးအခြေခံမူတို့ ချမှတ်နိုင် ရေးကို အပြန်အလှန် ညှိနှိုင်းဆွေးနွေးကြပါရန် လေးစားစွာ တိုက်တွန်း နှိုးဆော်အပ်ပါသည်။