ဗီယန်ကျင်း နိုဝင်ဘာ ၃

 

လာအိုနိုင်ငံ၌ နိုဝင်ဘာ ၃ ရက်က ကိုဗစ်-၁၉ ထပ်မံကူးစက်ဖြစ်ပွားသူ ၁၀၆၂ ဦးရှိပြီး ကိုဗစ်-၁၉ စတင်ဖြစ်ပွားရာ ၂၀၂၀ ပြည့်နှစ် မတ်လမှစကာ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု အမြင့်ဆုံးနေ့တစ်နေ့အဖြစ် မှတ်တမ်းတင်ဖော်ပြခဲ့ရကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

နိုင်ငံတစ်ဝန်း လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားသူအသစ် ၁၀၆၂ ဦးရှိကြောင်း မှတ်တမ်းတင်ဖော်ပြခဲ့သော ဗီယန်ကျင်း သတင်းစာရှင်းလင်းပွဲတွင် လာအိုကျန်းမာရေ းဝန်ကြီးဌာနအောက်ရှိ ဓာတ်ခွဲခန်းနှင့် ကူးစက်ရောဂါပြန့်ပွားခြင်းနှင့် ကာကွယ်ခြင်းဆိုင်ရာ အမျိုးသားဌာန၏ ဒုတိယညွှန်ကြားရေးမှူးချုပ် ဘွာဖန်ခန် ဖာဖွန်ဖန် က ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

 

ကူးစက်ဖြစ်ပွားသူများအနက် ကိုးဦးမှာ ပြည်ပကူးစက်သူများဖြစ်ကာ ၁၀၅၃ ဦးမှာ ပြည်တွင်းကူးစက်သူများဖြစ်သည်။

 

ထို့အပြင် ကိုဗစ်-၁၉ ကြောင့် နောက်ထပ် သုံးဦးထပ်မံသေဆုံးမှုနှင့်အတူ စုစုပေါင်း ကိုဗစ်-၁၉ ကြောင့်သေဆုံးသူ ၇၃ ဦးအထိ ရှိလာပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထပ်မံဖော်ပြသည်။

 

လာအိုနိုင်ငံတွင် နိုဝင်ဘာ ၃ ရက်အထိ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွား သူပေါင်း ၄၂၈၉၁ ဦးရှိပြီး သေဆုံးသူပေါင်း ၇၃ ဦးအထိ ရောက်ရှိလာ ခဲ့ပြီဖြစ်သည်။

 

ဆင်ဟွာ