တာချီလိတ် စက်တင်ဘာ ၂၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ရှိ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ်(၂)နှင့် ဝမ်ပုံဆိပ်ကမ်းမှတစ်ဆင့် ပြန်ဝင်လာကြသည့် ထိုင်းနိုင်ငံနှင့် လာအိုနိုင်ငံများမှ နေရပ်ပြန်ပြည်သူ(၁၆၈)ဉီးအား ကိုဗစ်-၁၉ ရောဂါပိုးကင်းစင်သဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ရောက်ရှိနိုင်ရေးအတွက် တာဝန်ရှိသူများမှ မော်တော်ယာဉ်များဖြင့် ယနေ့နံနက်ပိုင်းက ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ နေရပ်ပြန်ပြည်သူများသည် စက်တင်ဘာလ (၁၈)ရက်နေ့က လာအိုနိုင်ငံနှင့် ထိုင်းနိုင်ငံများမှ လွှဲပြောင်းပေးလာသည့် နေရပ်ပြန်ပြည်သူများဖြစ်ပြီး ၎င်းတို့အား တာချီလိတ်ခရိုင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ပိုးရှိ/မရှိ RDT Rapid Test Kit စနစ်ဖြင့် ပထမအကြိမ်စစ်ဆေးခဲ့ပြီး ဝမ်လုံးစင်တာ တွင် အသွားအလာကန့်သတ်စောင့်ကြည့်ထား၍ တတိယမြောက်နေ့တွင် နှာခေါင်းနှင့်အာခေါင်တို့ဖတ် ဓာတ်ခွဲနမူနာများရယူကာ တောင်ကြီးမြို့သို့ ပို့ဆောင်၍ ဒုတိယအကြိမ် စစ်ဆေးဆောင်ရွက်ခဲ့ရာ စစ်ဆေးချက်အဖြေအရ နေရပ်ပြည်ပြည်သူ (၆၄)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ပိုးတွေ့ရှိသူများကို ဝမ်လုံးကုသရေးစင်တာတွင် ဆက်လက်၍ သီးခြားထားရှိပြီး ကျန်းမာရေးစောင့်ရှောက်မှု ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယာဆေး(ပြန်/ဆက်)