တာချီလိတ်       ဇွန်      ၂၁

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ဟောင်လိတ်ရပ်ကွက်ရှိ စံလင်းဖြိုး Q Center တွင် လာအိုနိုင်ငံမှ ပြန်လာကြသည့် ​ရွှေ့​ပြောင်း မြန်မာအလုပ်သမားများအား ဇွန် ၂၁ ရက်  နံနက်ပိုင်းက မော်တော်ယာဉ်များဖြင့် နေရပ်​အသီးသီးသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ နေရပ်ပြန်အလုပ်သမား ၁၆၁ ဦးမှာ မိုင်းဖုန်း(က) ကျေးရွာအုပ်စု၊ ဝမ်ပုံဆိပ်ကမ်းမှ ပြန်လည် ဝင်ရောက်လာကြသူများဖြစ်ပြီး ဟောင်လိတ်ရပ်ကွက်ရှိ စံလင်းဖြိုး Quarantine Centre ၌ ခုနစ်ရက်ခန့်ထားရှိကာ နှာခေါင်းနှင့် အာ​ခေါင်တို့ဖတ် သုံးကြိမ်ရယူ၍ RDT စက်ဖြင့် ထပ်မံစစ်​ဆေး အတည်ပြုချက်များ ရယူရာ၌ ရောဂါပိုး ပိုးကင်းစင်သူများဖြစ်ကြောင်း သိရသဖြင့် ၎င်းတို့၏ နေရပ် ဒေသများသို့ ပြန်လည်ပို့ဆောင်ပေးခြင်းဖြစ်ကာ ဒေသခံများ ဖြစ်သည့် အမျိုးသား ၁၂၈ ဦး အမျိုးသမီး ၃၃ ဦး စုစုပေါင်း ၁၆၁ ဦး တို့ကိုလည်း ၎င်းတို့၏ နေရပ်များသို့ Q Center မှ ထမင်းထုပ်များ အသီးသီး အခမဲ့ဖြန့်ဝေပေးကာ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
 
ဇင်ယော်(တာချီလိတ်)