လာအိုနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် COVID-19 ကူးစက်ခံရသူ ပထမဦးဆုံး လူနာနှစ်ဦး တွေ့ရှိ

၂၄ မတ်

 

လာအိုနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် COVID-19 ကူးစက်ခံရသူ ပထမဦးဆုံး လူနာနှစ်ဦး တွေ့ရှိကြောင်း လာအို ကျန်းမာရေးဝန်ကြီးဌာနကို ကိုးကားပြီး ထိုင်းအစိုးရပိုင် MCOT သတင်းဌာနက ဒီနေ့ (အင်္ဂါနေ့) မှာ ကြေညာသွားပါတယ်။

 

ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူနှစ်ဦးမှာ လာအိုနိုင်ငံ မြို့တော် ဗီယန်ကျန်းမှာ နေထိုင်တဲ့ အသက် ၂၈ နှစ်အရွယ် ဟော်တယ်ဝန်ထမ်း အမျိုးသား တစ်ဦးနဲ့ အသက် ၃၆ နှစ်အရွယ် ဧည့်လမ်းညွှန် အမျိုးသမီးတို့ဖြစ်ကြောင်း သိရပါတယ်။

 

ကူးစက်ခံရသူ နှစ်ဉီးလုံးဟာ နိုင်ငံခြားတိုင်းပြည်တွေ သွားရောက်ခဲ့သူနဲ့ နိုင်ငံခြားသားများနဲ့ နီးနီးကပ်ကပ် အလုပ်လုပ်သူဖြစ်ကြောင်း၊ သူတို့နှစ်ဦးလုံးကို ဆေးရုံတစ်ရုံမှာ ဆေးကုသပေးနေကြောင်း သတင်းမှာ ရေးသားထားပါတယ်။

 

MDN