လာအိုနိုင်ငံ၌ ၂၀၂၁ ခုနှစ် ပထမခြောက်လအတွင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုနှုန်းကျဆင်း

ဇွန် ၂၃

 

လာအိုနိုင်ငံတွင် ပြီးခဲ့သည့်နှစ်နှင့် နှိုင်းယှဉ်ပါက ၂၀၂၁ ခုနှစ် ပထမခြောက်လအတွင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုနှုန်း ကျဆင်းလာခဲ့သည်။

 

လွန်ခဲ့သည့်နှစ် ပထမခြောက်လက သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၁၀၈၁ ဦးရှိပြီး ယခုနှစ် လက်ရှိအချိန်အထိ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၄၂၈ ဦးရှိသည်ဟု လာအိုကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ကို နေ့စဉ်ထုတ် Vientiane Times က ယနေ့တွင် ဖော်ပြထားသည်။

 

ခြင်ကိုက်ခြင်းမှကာကွယ်ရန်  နည်းလမ်းများနှင့် ပတ်သက်၍ ပြည်သူများ ပိုမိုသိရှိနားလည်လာမှုနှင့် ရောဂါဖြစ်ပွားမှု နှိမ်နင်းရေးအတွက် အစိုးရ၏ ကြိုးပမ်းဆောင်ရွက်ချက်မှုများကြောင့် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု ကျဆင်းခဲ့ခြင်း ဖြစ်သည်။

 

ထိုရောဂါဖြစ်ပွားမှုကို ထိန်းချုပ်ရန် အလုပ်နေရာများနှင့် ၎င်းတို့၏နေအိမ် အနီးဝန်းကျင်တို့တွင် ခြင်များပေါက်ဖွားမှု မရှိစေရေးအတွက် ရှင်းလင်းလုပ်ဆောင်ထားရန် ကျန်းမာရေးအာဏာပိုင်များက တိုက်တွန်းပြောကြားထားသည်။

 

ယင်းလုပ်ဆောင်ချက်များသည် သွေးလွန်တုပ်ကွေးရောဂါ ရေရှည်ကာကွယ်ခြင်းနှင့် ရောဂါဖြစ်ပွားမှု နှိမ်နင်းခြင်းတို့တွင် အရေးပါသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို