ဗီယင်ကျန်း   ဇွန်   ၃၀

လာအိုပညာရေးနှင့်   အားကစားဝန်ကြီးဌာနသည်  ဖွံ့ဖြိုးတိုးတက်ရေး မိတ်ဖက်များနှင့်ပူးပေါင်းကာ  ကျားမတန်းတူညီမျှမှု မြှင့်တင်ရေးစီမံကိန်းတစ်ရပ်ကို စတင်အကောင်အထည်ဖော်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ စီမံကိန်းကို  လွမ်ဖရာဘမ်နှင့်  ချမ်ပါဆပ်ခ်ပြည်နယ်တို့တွင်  ယခုနှစ်   ဇူလိုင်လမှ  ၂၀၂၉ ခုနှစ် ဇွန်လအထိ အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း   ပညာရေးနှင့်  အားကစားဝန်ကြီး ဌာနက ဇွန် ၃၀ ရက်တွင်   ထုတ်ပြန်ကြေညာထားသည်။

ယင်းစီမံကိန်းသည်    လာအိုပညာရေးနှင့် အားကစားကဏ္ဍများတွင်    လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ကြီးဌာန၏ထားရှိသော   ကတိကဝတ်များကို ထင်ဟပ်စေကြောင်း၊ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များနှင့်အညီ မူလတန်းနှင့် အလယ်တန်းအဆင့်များတွင် သင်ကြားရေးနှင့် သင်ယူမှုစွမ်းရည်ကို မြှင့်တင်ရန် ရည်ရွယ်ကြောင်း သိရသည်။ 

ကျောင်းသား  ကျောင်းသူများ အကျိုးရှိစေမည့်အပြင် ဆရာ ဆရာမများ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှု ကို  အထောက်အကူပြုပြီး  နိုင်ငံတစ်ဝန်းရှိ အခြေခံပညာရေး၏အရည်အသွေးကို မြှင့်တင်ပေးနိုင် လိမ့်မည်ဟု   မျှော်လင့်ရသည်။                         

ဆင်ဟွာ