နိုဝင်ဘာ ၃၀
လာအိုနိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၂၉၁ ဦး ထပ်မံတွေ့ရှိခဲ့သောကြောင့် ရောဂါကူးစက်ခံရသူပေါင်း ၇၃၇၃၈ ဦးအထိ ရှိလာသည်။
ထပ်မံရောဂါကူးစက်ခံရသူအားလုံး ပြည်တွင်းကူးစက်မှုများပင် ဖြစ်သည်ဟု သိရသည်။
မြို့တော် ဗီယင်ကျန်းတွင် ရောဂါကူးစက်ခံရသူ ၆၁၅ ဦး ထပ်မံတွေ့ရှိခဲ့ရာ ကူးစက်မှုအရေအတွက် အများဆုံးဖြစ်သည်။
လွန်ခဲ့သော ၂၄ နာရီအတွင်း ထိုရောဂါကူးစက်ခံရမှုကြောင့် လေးဦးထပ်မံသေဆုံးခဲ့ရာ သေဆုံးသူဦးရေ ၁၇၀ ကျော်ရှိသည်။ ၎င်းတို့အားလုံးသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းမပြုရသေးသူများ ဖြစ်သည်ဟု ဆိုသည်။
လာအိုနိုင်ငံတွင် ယမန်နှစ် မတ်လ ၂၄ ရက်က ကိုဗစ်ရောဂါကူးစက်ဖြစ်ပွားသူနှစ်ဦးကို ပထမဆုံးတွေ့ရှိကြောင်း အတည်ပြုခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို