ဗီယင်ကျန်း  ဇွန်  ၈

လာအိုနိုင်ငံတစ်ဝန်း မေလအတွင်း ယာဉ်မတော်တဆမှုဖြစ်ပွားသဖြင့် လူပေါင်း ၇၀ ထက်မနည်း သေဆုံး ခဲ့ကြောင်း သိရသည်။

ယာဉ်မတော်တဆမှုဖြစ်ပွားရသည့်အကြောင်းရင်းများမှာ ယာဉ်ကို  အရှိန်လွန်မောင်းနှင်ခြင်း၊ ရုတ်တရက်လမ်းကြောင်းပြောင်းခြင်းနှင့်  အရက်မူးပြီး  မောင်းနှင်ခြင်းတို့ကြောင့်ဖြစ်ကြောင်း ဒေသ တွင်းမီဒီယာများက  ဇွန်  ၈  ရက်တွင် ထုတ်ပြန်ထားသည်။

လာအိုနိုင်ငံတစ်ဝန်း   မေလအတွင်း ယာဉ်မတော်တဆမှုပေါင်း ၅၃၂  မှုဖြစ်ပွားရာ လူပေါင်း ၈၀၀ ဒဏ်ရာရရှိပြီး  ၇၀  ထက်မနည်း သေဆုံးကြောင်းနှင့် ယာဉ်  ၉၃၁ စီး  ပျက်စီးခဲ့ရကြောင်း   လာအို ဖာထနာ သတင်းဝက်ဘ်ဆိုက်က ထုတ်ပြန်ထားသည်။

အလားတူ ၂၀၂၄ ခုနှစ် မေလက  လာအိုနိုင်ငံတစ်ဝန်း  ယာဉ်မတော်တဆမှုပေါင်း   ၅၁၃   မှု ဖြစ်ပွား သဖြင့် လူပေါင်း ၇၉၉ ဦး ဒဏ်ရာရရှိကာ  ၇၇  ဦး သေဆုံးကြောင်း၊  ယာဉ်  ၈၈၉ စီးလည်း ပျက်စီး ခဲ့ရကြောင်း သိရသည်။ ယာဉ်ထိန်းရဲတပ်ဖွဲ့က ယာဉ်စည်းကမ်းကို တိကျစွာလိုက်နာရန် ယာဉ်မောင်း များအား  တိုက်တွန်းထားသည်။               

ဆင်ဟွာ