ဗီယင်ကျန်း ဇူလိုင် ၂၆
လာအိုအစိုးရသည် မြင့်တက်နေသော ငွေကြေး ဖောင်းပွမှုကို ကူညီဖြေရှင်းဆောင်ရွက်ရာ တွင်လုပ်ခလစာနည်းပါးသော နိုင်ငံ့ဝန်ထမ်းများထောက်ပံ့ကြေးပေးရန်နှင့် ပုဂ္ဂလိက ဝန်ထမ်းများ အတွက် အနိမ့်ဆုံးလုပ်ခကို တိုးမြှငပေးရန် မူအားဖြင့် သဘောတူ ညီလိုက်ပြီဖြစ်သည်။
ဇူလိုင်လအတွက် အစိုးရအဖွဲ့၏ လစဉ်ပြုလုပ် သည့် အစည်းအဝေးအတွင်း အဆိုပါ သဘောတူညီ ချက် ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ လုပ်ခလစာ တိုးမြှင့်ခြင်းမှ အကျိုးခံစားခွင့်ရှိသူအရေအတွက် ကို ဖော်ထုတ်စိစစ်ရန်နှင့် ထပ်ဆောင်းပေးချေမှု အတွက် အစိုးရ၏ ပေးစွမ်းနိုင်မှုပမာဏကို အသေးစိတ် ခွဲခြမ်းစိတ်ဖြာနိုင်ရန် တာဝန်ရှိသူများက ညွှန်ကြားထားသည်။
လာအိုဝန်ကြီးချုပ်ဆွန်နက်ဇေစီဖန်တုန်းက ယခုလအစောပိုင်းတွင် ပြုလုပ်သော အမျိုးသား လွှတ်တော်အစည်းအဝေး၏ (၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် အနိမ့်ဆုံးလုပ်အားခကို တိုးမြှင့်ပေးရေးနှင့် လုပ်ခလစာနည်းပါးသော အစိုးရဝန်ထမ်းများအတွက် ထောက်ပံ့ကြေးပေးနိုင်ရေး ဖြစ်နိုင်မှုအခြေအနေကိုကြည့်ရှုစစ်ဆေးရန်ပြောကြားပြီးနောက် မကြာမီတွင် အဆိုပါ အစီ အစဉ်ကို ထုတ်ပြန်ကြေညာလိုက်ခြင်း ဖြစ်သည်။ လက်ရှိအနိမ့်ဆုံးလုပ်ခလစာမှာ ကစ်၁၃၀၀၀၀၀ (အမေရိကန်ဒေါ်လာ ၆၇ ဒေါ်လာခန့် ရှိပြီးနေထိုင်မှုစရိတ်အတွက် မလုံလောက်ကြောင်း နှင့်လုပ်ခလစာ တိုးမြှင့်ပေးရန် အစိုးရကို တောင်းဆို ခဲ့ကြောင်း အမျိုးသားလွှတ်တော်အဖွဲ့ဝင်များကပြောသည်။
ငွေကြေးလဲလှယ်မှုနှုန်း တည်ငြိမ်စေရန်နှင့် မြင့်တက်လာသော ငွေကြေးဖောင်းပွမှုကို ထိန်းချုပ် ရန် တာဝန်ရှိသောဌာနများအား ဝန်ကြီးချုပ်က ညွှန်ကြားထားသည်။ ထို့အပြင် ပြည်သူများ၏ ငွေကြေး အခက်အခဲကို လျော့နည်းသက်သာစေ ရေးအတွက် ရောင်းချသော ကုန်ပစ္စည်းများ၏ ဈေးနှုန်း များကို ထိန်းညှိပေးရန် တာဝန်ရှိသော ကဏ္ဍများကိုလည်း ညွှန်ကြားထားသည်။
ဆင်ဟွာ