မတ် ၁၀

လာအိုနိုင်ငံတွင် ယခုနှစ်ဇန်နဝါရီလနောက်ပိုင်း သွေးလွန်တုပ်ကွေးရောဂါကူးစက်ခံရသူ ၅၄၈ ဦးရှိရာ ထိုရောဂါကူးစက်မှု မြင့်မားလျက်ရှိသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့က ပြောကြားသည်။

နိုင်ငံအတွင်း ယမန်နေ့က ထိုရောဂါကူးစက်ခံရသူလေးဦးထပ်မံတွေ့ရှိခဲ့သောကြောင့် ယခုနှစ်အတွင်း ယင်းရောဂါကူးစက်မှုပေါင်း ၅၄၈ ဦးရှိလာသည်။

မြို့တော် ဗီယင်ကျန်းတွင် ထိုရောဂါကူးစက်ခံရသူ ၉၂ ဦးရှိသဖြင့် ကူးစက်မှုအရေအတွက်အများဆုံးဖြစ်သည်။

ကျန်းမာရေးဝန်ကြီးဌာနက ခြင်ပေါက်ဖွားမှုမှကူးစက်နိုင်သောကြောင့်ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်ကူညီဆောင်ရွက်ကြရန် အာဏာပိုင်များနှင့် နိုင်ငံတစ်ဝန်းရှိပြည်သူများအား တိုက်တွန်းပြောကြားထားသည်။

သွေးလွန်တုပ်ကွေးရောဂါကူးစက်မှုကို ထိန်းချုပ်ဟန့်တားနိုင်ရန်  ၎င်းတို့၏နေအိမ်များနှင့်လုပ်ငန်းခွင်အနီးဝန်းကျင်ရှိ ခြင်ပေါက်ဖွားနိုင်သည့်နေရာများအား ရှင်းလင်းလုပ်ဆောင်ထားကြရန် ပြည်သူများအားပြောကြားထားသည်ဟု ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို