ဧပြီ ၂၁

 

လာအိုနိုင်ငံတွင် ၂၀၂၃ ခုနှစ် ဇန်နဝါရီလနောက်ပိုင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၁၁၄၆ ဦးအထိ မြင့်တက်လာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

 

လာအိုကျန်းမာရေးဝန်ကြီးဌာနလက်အောက်ရှိ ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်နှင့် ပညာရေးစင်တာ၏ ထုတ်ပြန်ချက်အရ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၄၃ ဦးထပ်မံတွေ့ရှိသဖြင့် ထိုရောဂါဖြစ်ပွားသူပေါင်း ၁၁၄၆ ဦးအထိရှိလာသည်ဟု သိရသည်။

 

ထိုရောဂါဖြစ်ပွားမှုအရေအတွက် အများဆုံးဖြစ်သော အော်ဒုန်ချေပြည်နယ်တွင်  ၁၆၆ ဦး၊ မြို့တော်ဗီယန်ကျင်းတွင် ၁၄၉ ဦးနှင့် ခမ်မူအန်ပြည်နယ်တွင် ၁၄၃ ဦးတို့ဖြစ်သည်။

 

ကျန်းမာရေးဝန်ကြီးဌာနက သက်ဆိုင်ရာအာဏာပိုင်များနှင့် ပြည်သူများအား သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု ကာကွယ်ရေးကူညီဆောင်ရွက်ကြရန်နှင့် သတိပြုနေထိုင်ကြရန် တိုက်တွန်းပြောကြားထားသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို