ဗီယင်ကျန်း အောက်တိုဘာ ၁၇
လာအိုနိုင်ငံ ဗီယင်ကျန်းပြည်နယ်မှ အသက်ခုနစ်နှစ်အရွယ် ကလေးငယ်တစ်ဦး သွေးလွန် တုပ်ကွေးရောဂါဖြင့် သေဆုံးမှုကို အတည်ပြုခဲ့ပြီး ယင်းဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၈ ဦးအထိ ရှိလာပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီး ဌာနက ပြောကြားသည်။
လက်ရှိအချိန်အထိရောဂါဖြစ်ပွားသူ ၃၀၈၅၃ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီး ဌာနလက်အောက်ရှိ ကျန်းမာရေးသတင်းအချက်အလက် ထုတ်ပြန်ရေးဌာနက ထုတ်ပြန်ခဲ့သည်။ နိုင်ငံအတွင်းရှိ သွေးလွန် တုပ်ကွေးရောဂါ ဖြစ်ပွားမှုအများဆုံး ခရိုင်တွင် ၅၂၉၃ ဦးရှိကြောင်း သိရသည်။
လာအိုနိုင်ငံ မြို့တော် ဗီယင်ကျန်း တွင် ရောဂါကူးစက်ခံရသူ ၄၆၂၁ ဦးနှင့် ခမ်းမွမ်ခရိုင်တွင် ၃၇၄၂ ဦး သွေးလွန် တုပ်ကွေးရောဂါဖြစ်ပွားခဲ့သည်။ မိုးရာသီ ကုန်ဆုံးခါနီးဖြစ်သော်လည်း စံချိန်မီ သွေးလွန် တုပ်ကွေး ကာကွယ်မှုအစီအမံများကို လူတိုင်း လိုက်နာဆောင်ရွက်သင့်ကြောင်း ကျန်းမာရေး တာဝန်ရှိသူများက ပြောကြားခဲ့သည်။ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်တိုက်ဖျက်ရာတွင် ပိုမို ကောင်းမွန်သော ကျန်းမာရေးဝန်ဆောင်မှုများပေးဆောင်နိုင်ရန် လာအိုကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် ကျွမ်းကျင်ပညာရှင်များ၏ အရည်အသွေးကို မြှင့်တင်သွားမည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ၊ ဘာသာပြန်-စိုးသူရ