ဗီယင်ကျန်း    ဒီဇင်ဘာ    ၂၇

လာအိုနိုင်ငံ၌ ယခုနှစ်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၂၀၀၀၀ ကျော်ရှိပြီး ရောဂါကြောင့်  သေဆုံးသူ ၁၁ ဦးရှိလာကြောင်း  လာအိုကျန်းမာရေး ဝန်ကြီးဌာနက ဒီဇင်ဘာ ၂၇ ရက်တွင် ထုတ်ပြန်ထားသည်။ မြို့တော်  ဗီယင်ကျန်း၌ သွေးလွန်တုပ်ကွေး ရောဂါ    ဖြစ်ပွားသူ ၅၇၆၁ ဦးရှိပြီး   ကူးစက်မှုနှုန်း အများဆုံးဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ဗဟိုပြန်ကြားရေးနှင့်      ပညာရေး ဝန်ကြီးဌာနက  ထုတ်ပြန်ထားသည်။

သွေးလွန်တုပ်ကွေးရောဂါကြောင့်   သေဆုံးသူများမှာ  လာအိုနိုင်ငံ   လူအန်းပရာဘန်ပြည်နယ်၌   လေးဦး၊မြို့တော်၌သုံးဦး၊ ဆစ်ခေါင်ပြည်နယ်၌ နှစ်ဦး၊ လူအန်းနမ်သာပြည်နယ်နှင့် ဗီယင်ကျန်း ပြည်နယ်တို့၌ တစ်ဦးစီရှိကြောင်း သိရသည်။

ခြင်မှတစ်ဆင့် ကူးစက်တတ်သော  ဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်ရန်အတွက် သတိရှိစွာ နေထိုင်ကြရန် ကျန်းမာရေးဝန်ကြီးဌာနက ပြည်သူများကို တိုက်တွန်းထားသည်။

ထို့ပြင် ဝန်ကြီးဌာနက လာအိုနိုင်ငံတစ်ဝန်း သွေးလွန်တုပ်ကွေးရောဂါ ပြင်းထန်စွာဖြစ်ပွားမှုမှ ကာကွယ်ရေးစီမံကိန်းများ    တိုးတက်လာစေရန် ကျန်းမာရေးအရာရှိများနှင့်     ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများကို    တိုက်တွန်းထားကြောင်း    သိရသည်။

ဆင်ဟွာ