ဇူလိုင် ၇
လာအိုနိုင်ငံတွင် ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု ၂၆၁၄ ဦး ရှိရာ ၂၀၂၄ ခုနှစ် အလားတူကာလက သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူဦးရေ ၅၁၉၂ နှင့်နှိုင်းယှဉ်ပါက သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု သိသိသာသာလျော့ကျသွားကြောင်း ဖော်ပြထားသည်။
၂၀၂၄ ခုနှစ် ဇန်နဝါရီမှဇွန်လအတွင်း သွေးလွန်တုပ်ကွေးရောဂါကြောင့် သေဆုံးသူ သုံးဦးရှိကြောင်းနှင့် ၂၀၂၅ ခုနှစ် အလားတူကာလအတွင်း သွေးလွန်တုပ်ကွေးရောဂါနှင့် ဆက်စပ်ပြီး သေဆုံးသူမရှိကြောင်း ဖော်ပြထားသည်။
လာအိုကျန်းမာရေးဝန်ကြီးဌာနလက်အောက်ရှိ ကျန်းမာရေးဆိုင်ရာသတင်းအချက်အလက်နှင့် ပညာရေးစင်တာ၏ ဖော်ပြချက်အရ မြို့တော်ဗီယန်ကျင်းတွင် ထိုရောဂါဖြစ်ပွားမှုအရေအတွက် ၁၄၉၅ ဦးရှိရာ ရောဂါဖြစ်ပွားမှုအများဆုံးဖြစ်ပြီး အောဒိုမက်ပြည်နယ်တွင် ရောဂါဖြစ်ပွားသူ ၃၃၈ ဦးရှိသည်ဟု သိရသည်။
အထူးသဖြင့်မိုးရာသီကာလအတွင်း သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ဖြစ်ပွားမှုမှကာကွယ်ရေး ဂရုစိုက်နေထိုင်ကြရန် ကျန်းမာရေးအာဏာပိုင်များက ကဏ္ဍအားလုံးနှင့် အများပြည်သူများအား တိုက်တွန်းပြောကြားထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို