ဗီယင်ကျန်း  မတ်   ၂၉

လာအိုနိုင်ငံတစ်ဝန်း၌ အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်လာနိုင်သောကြောင့် အာဏာပိုင်များက ကျန်းမာရေးဆိုင်ရာ ကြိုတင်သတိပေး ချက်များ ထုတ်ပြန်ထားကြောင်း သိရသည်။

အားပြင်းသော လေဖိအားနည်းရပ်ဝန်းသည် နိုင်ငံအနှံ့အပြားသို့ သက်ရောက်နေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ထုတ်ပြန်သည့် အစီရင်ခံစာအရ သိရသည်။

အဆိုပါအခြေအနေများကြောင့် နေ့အပူချိန်မြင့်တက်နိုင်ပြီး နေ့စဉ်တိမ်ထူထပ်နေမည်ဖြစ်ကြောင်း   အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြည်နယ်အများအပြားတွင်   အမြင့်ဆုံးအပူချိန် ၄၀ ဒီဂရီ စင်တီဂရိတ်အထိ ကြုံတွေ့ရဖွယ်ရှိကြောင်း သိရသည်။

အပူဒဏ်၊ မီးဘေးအန္တရာယ်နှင့် ဖြစ်နိုင်ခြေရှိသော လျှပ်စစ်ဝိုင်ယာ ရှော့များအပါအဝင် အပူလွန်ကဲမှုနှင့်ဆက်နွှယ်သည့် အန္တရာယ်များမြင့်တက်လာနိုင်ကြောင်း အာဏာပိုင်များက သတိပေးထား သည်။

မလိုအပ်ဘဲ နေအိမ်ပြင်ပသို့ သွားလာမှုများကန့်သတ်ရန်၊ ရေဓာတ်ပြည့်ဝနေစေရန်နှင့်ပြောင်းလဲလာသော ရာသီဥတုအခြေအနေများအတွက်   သတိရှိရှိနေထိုင်ရန်   ညွှန်ကြားထားကြောင်း သိရသည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အောင်ကျော်ကျော်