ဖေဖော်ဝါရီ ၅

လာအိုနိုင်ငံတွင် ၂၀၂၅ ခုနှစ်က ယာဉ်မတော်တဆမှု ၆၇၇၉ မှု ဖြစ်ပွားခဲ့ရာ  ၁၀၄၆၄ ဦး ဒဏ်ရာရရှိခဲ့ပြီး ၉၁၇ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

အဆိုပါလမ်းမတော်တဆမှုများကြောင့် ယာဉ်အစီးရေ ၁၂၁၅၈ စီး ပျက်စီးခဲ့သည်။ ၂၀၂၄ ခုနှစ်နှင့် နှိုင်းယှဉ်ပါက မတော်တဆမှုအရေအတွက် အနည်းငယ် လျော့ကျသွားခဲ့ပြီး ဒဏ်ရာရရှိမှုနှင့် သေဆုံးမှုနှုန်းတို့သည်လည်း ၁၀၃၁၂ နှင့် ၉၂၉  အသီးသီး ကျဆင်းသွားခဲ့ကြောင်း ဖော်ပြထားသည်။

လာအိုနိုင်ငံ၏ မြို့တော် ဗီယင်ကျန်းသည် မတော်တဆမှု ၁၂၇၃ မှုဖြင့် သေဆုံးသူ ၂၀၈ ဦးရှိရာ အများဆုံးဖြစ်ပြီး ချမ်ပါဆပ်ပြည်နယ်တွင် မတော်တဆမှု ၉၄၅ မှုဖြင့် သေဆုံးသူ ၁၂၅ ဦးနှင့် ဗီယင်ကျန်းပြည်နယ်တွင် မတော်တဆမှု ၇၆၁ မှုဖြင့် သေဆုံးသူ ၇၀ ဦးရှိကြောင်း ဒေသခံ Pasaxon သတင်းစာက ယမန်နေ့က ဖော်ပြခဲ့သည်။

မတော်တဆမှုများဖြစ်ပွားရခြင်း၏ အဓိကအကြောင်းရင်းများတွင် အရက်သေစာသောက်စားမောင်းနှင်ခြင်း၊ မြန်နှုန်းမြင့်မောင်းနှင်ခြင်း၊ ဦးစားပေးမောင်းနှင်မှုမရှိခြင်း၊ ယာဉ်များလုံခြုံမှုမရှိခြင်းနှင့် လမ်းကြောင်းလုံခြုံမှုပြောင်းလဲခြင်းတို့ ပါဝင်သည်ဟု သိရသည်။

အစိုးရအနေဖြင့်အများပြည်သူဘေးကင်းလုံခြုံရေး မြှင့်တင်ရန်အတွက် ပြည်တွင်းနှင့် နိုင်ငံတကာ မိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် လမ်းဘေးကင်းရေး အခြေခံအဆောက်အအုံများတွင် ရင်းနှီးမြှုပ်နှံမှုများနှင့် လမ်းမတော်တဆမှုများကို ကာကွယ်ရန်နှင့် လျှော့ချရန် တက်ကြွစွာ လုပ်ဆောင်လျက်ရှိကြောင်း ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို