ဗီယင်ကျန်း ဒီဇင်ဘာ ၂၂

 

လာအိုနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူပေါင်းမှာ ဒီဇင်ဘာ ၂၁ ရက်တွင် ၁၀၀၅၂၄ ဦးအထိ ရှိလာပြီဖြစ်ကြောင်း လာအို ကျန်းမာရေးဝန်ကြီးဌာနက ပြောသည်။

 

ပြီးခဲ့သည့် ၂၄ နာရီအတွင်း နောက်ထပ် ကူးစက်ခံရသူပေါင်း ၁၁၂၈ ဦး ရှိလာပြီးနောက် အရေအတွက်အားဖြင့် တစ်သိန်း ကျော်လွန်လာခြင်း ဖြစ်သည်။ ပြီးခဲ့သည့် ၂၄ နာရီအတွင်း ပြည်ပမှကူးစက်ခံလာရသူ တစ်ဦး အပါအဝင် ဒေသတွင်း ကူးစက်ခံရသူ ၁၁၂၇ ဦး တိုးလာခဲ့ကြောင်း ကူးစက်ရောဂါထိန်းချုပ်ရေးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် စစ်ဆဗက်ဆောက်သန် နီရာဆီက သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

 

သေဆုံးသူ ဦးရေမှာလည်း ၁၀ ဦး တိုးလာသည့်အတွက် ဒီဇင်ဘာ ၂၁ ရက်အထိသေဆုံးသူ စုစုပေါင်းမှာ ၂၈၄ ဦးအထိ ရှိလာသည်။ ပြည်တွင်းကူးစက်မှုများအနက် ၅၄၄ ဦးမှာ မြို့တော် ဗီယင်ကျန်းတွင် ကူးစက်ခံရသူများဖြစ်သည်။ လာအိုနိုင်ငံတွင် ပြီးခဲ့သည့်နှစ် မတ် ၂၄ ရက်တွင် ကိုဗစ်-၁၉ ကူးစက်မှုကို ပထမဦးဆုံး တွေ့ရှိခဲ့ခြင်းဖြစ်သည်။

 

ဆင်ဟွာ