ဗီယင်ကျန်း နိုဝင်ဘာ ၁
လာအိုနှင့် ထိုင်းနိုင်ငံခြားရေး ဝန်ကြီးများသည် လာအိုမြို့တော် ဗီယင်ကျန်းနှင့် ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းပြည်နယ် နွန်ခိုင်ကြားဖြတ်သန်းစီးဆင်းနေသော မဲခေါင်မြစ်ပေါ်တွင် ရထားလမ်းပါ တံတားတစ်စင်းတည်ဆောက်ရေးနှင့်ပတ်သက်ပြီး စတင်ဆွေးနွေးလျက်ရှိသည်။
နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး များသည် ခရီးသွားကဏ္ဍတိုးမြှင့်ရန်နှင့် တရုတ်-လာအိုရထားလမ်း ပိုင်းကို ချိတ်ဆက်ရန် နွန်ခိုင်မှ ဗီယင်ကျန်း(ကမ်ဆာဗက်) ဘူတာရုံအထိရှိသော နယ်စပ်ဖြတ်ကျော် ရထားလမ်းကွန်ရက်ကို ထပ်မံတိုးချဲ့ရန် ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
လာအိုဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဆယ်လန် ဆေကွန်မာဆစ်သ်သည် ထိုင်း နိုင်ငံခြားရေးဝန်ကြီး ပန်ပရီဘာ ဟီဒါ-နူကာရာနှင့် လာအိုမြို့တော် ဗီယင်ကျန်း၌ တွေ့ဆုံစဉ် အဆိုပါ ကိစ္စရပ်ကို ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
နှစ်ဖက်အရာရှိများသည် ကုန်သွယ်ရေးတွင် လက်ရှိတည်ရှိနေသော အတားအဆီးများကို ဖယ်ရှားပြီး နှစ်နိုင်ငံကုန်သွယ်ရေး ပမာဏကို နောက်ထပ်တိုးမြှင့်ရန် သက်ဆိုင်ရာကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်ရန် သဘောတူခဲ့ကြသည်။
လာအိုခရီးသွားနှစ် ၂၀၂၄ အတွင်း ဗီယင်ကျန်း(ကမ်ဆာဗက်) ဘူတာရုံမှတစ်ဆင့် ခရီးသည် အမြောက်အမြား သွားလာမည့်အရေးကို မျှော်တွေးကာ နှစ်နိုင်ငံ ခေါင်းဆောင်များသည် လာအိုနှင့် ထိုင်းနိုင်ငံကြား ခရီးသွားကဏ္ဍတိုးမြှင့်ရန် ဦးတည်ချက်ထား ဆောင်ရွက်ခဲ့ကြသည်။
ဆင်ဟွာ