လာပို့ကျေးရွာတွင် ကျေးလက်ကုန်ထုတ်လမ်း စတင်ဖောက်လုပ်ပြီ

ဂန့်ဂေါ ၂၆  နိုဝင်ဘာ

 

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ  ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ခွင့်ပြုငွေဖြင့် ဂန့်ဂေါမြို့နယ် လာပို့ရွာတွင် ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ခြင်းလုပ်ငန်းကို နိုဝင်ဘာ ၂၆ ရက်တွင် စတင်ဖောက်လုပ်ပြီဖြစ်ကြောင်း သိရသည်။

 

2

 

အဆိုပါ လမ်းမှာ လာပို့ကျေးရွာ တောင်သူ ၃၂၀ ဦး၏ လယ်ယာမြေ ၉၃၀ ဧက အား အကျိုးပြု နိုင်မည်ဖြစ်ပြီး အရှည် ၁ မိုင် ၄ ဖာလုံ၊ အကျယ် ၁၂ ပေ၊ အမြင့် ၁ ပေ ထုပေါ်တွင် မြေနီ ကျောက်စရစ် ၉ လက်မထု ခင်းသွားမည်ဖြစ်ကာ လိုအပ်သည့်နေရာများတွင် ရေပြွန်များထည့် သွင်းဖောက်လုပ်မည် ဖြစ်ကြောင်းနှင့် အဆိုပါလုပ်ငန်းများကို တင်ဒါအောင်မြင်သည့် မြစ်သာ ဂန့်ဂေါ ကုမ္ပဏီမှ တာဝန်ယူ ဖောက်လုပ် မည်ဖြစ်ကြောင်း  သိရသည်။

 

တောင်သားမောင်သန်း