လားရာတူတွဲကားကို ဆိုင်ကယ်ဖြင့်ကျော်တက်စဉ် မျက်နှာချင်းဆိုင်မှလာသော ကားနှင့်တိုက်မိရာ  ဆိုင်ကယ်ပေါ်ပါ နှစ်ဦးစလုံးသေဆုံး

မူဆယ်  ၄  ဖေဖော်ဝါရီ 

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့နယ် နမ့်ခွန်ကျေးရွာ မူဆယ်-လားရှိုး ကားလမ်းမကြီးပေါ်တွင်  ဖေဖော်ဝါရီ ၂ ရက်နေ့က တွဲကားတစ်စီးအား ကျော်တက်ရာမှ ကားနှင့်ဆိုင်ကယ်တိုက်မိ၍ နှစ်ဦးသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

မူဆယ်-လားရှိုးကားလမ်းမကြီးပေါ်တွင်  ယာဉ်မောင်း ကျော်ဦးသည် ခဲရောင်ယာဉ်ကို  လားရှိုးဘက်မှ မူဆယ်ဘက်သို့ ယာဉ်ကြောမှန်အတိုင်း မောင်းနှင်လာစဉ် မူဆယ်ဘက်မှ လားရှိုးဘက်သို့ နော်ဆိုင်း နှင့် မာကွမ်းတို့စီးနင်းလာသော ဆိုင်ကယ်သည် မျက်နှာချင်းဆိုင်မောင်းနှင်လာစဉ် ရှေ့တွင် ၎င်းတို့၏ဆိုင်ကယ်နှင့် လားရာတူ မောင်းနှင်နေသည့် တွဲကားတစ်စီးအား ကျော်တက်မောင်းနှင်ခဲ့သည်။ ယင်းသို့မောင်းနှင်ရာ  တစ်ဖက်ယာဉ်ကြောအတွင်း ရောက်ရှိကာ ခဲရောင်ယာဉ်ဖြင့် တိုက်မိခဲ့ပြီး  အခင်းဖြစ်သည့်နေရာတွင် နှစ်ဦးလုံး သေဆုံးခဲ့ခြင်းဖြစ်သည်။

 

ဖြစ်စဉ်နှင့်ပတ်သက်၍ ဆိုင်ကယ်အားပေါ့လျော့စွာ မောင်းနှင်ပြီး ယာဉ်တိုက်မှုဖြစ်ပွားစေသည့် နော်ဆိုင်းအား မူဆယ်မြို့မရဲစခန်းမှ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

 

ဗန်ရိုးထန်(ပြန်/ဆက်)