ပြင်ဦးလွင် ၁၀ မေ
ရှမ်းပြည်မြောက်ပိုင်းနှင့် တရုတ်ပြည်ဒေသအသီးသီးသို့ သွားရာက်အလုပ်လုပ်ကိုင်နေကြပြီး နေရပ်အသီးသီးသို့ ပြန်ကြမည့် နေရပ်ပြန်ပြည်သူများသည် လားရှိုး-မန္တလေး အထူးရထားဖြင့် လိုက်ပါလာကြပြီး ပြင်ဦးလွင်ဘူတာတွင် ခေတ္တရပ်နားရာ မေ ၉ ရက်တွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများ လူမှုရေးအသင်းအဖွဲ့များမှ သွားရောက်တွေ့ဆုံ၍ အားပေးစကား ပြောကြားပြီး စာသောက်ဖွယ်ရာတို့အား ပေးဝေလှူဒါန်းခဲ့ကြောင်း သိရသည်။
မီးရထားဖြင့် လိုက်ပါလာသည့် နေရပ်ပြန် ပြည်သ ၃၉၇ ဦး ဖြစ်ပြီး အမျိုးသား ၃၂၄ ဦးနှင့် အမျိုးသမီး ၇၃ ဦး တို့သည် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး ၆ ခုနှင့် ရခိုင်ပြည်နယ် စသည်တို့သို့ ပြန်ကြမည့်သူများ ဖြစ်ကြောင်း သိရသည်။
ယခုဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် တရုတ်ပြည်ဒေသ အသီးသီးသို့ သွားရောက်အလုပ်လုပ်ကိုင်နေသူများအား ဧပြီ ၂၆ ရက်နေ့မှစ၍ မိမိနေရပ်များသို့ မော်တော်ယာဉ်များဖြင့် ပြန်လည်စေလွှတ်ခဲ့ပြီး မေလ ၆ ရက်နေ့မှစ၍ မီးရထားဖြင့် လားရှိုးမှ မန္တလေးသို့ ပို့ဆောင်ပေးခဲ့ရာ မေ ၉ ရက်နေ့အထိ စုစုပေါင်း ၉၁၃၈ ဦးရှိပြီဖြစ်သည်။
နေရပ်ပြန်ပြည်သူများအား ပြင်ဦးလွင်မြို့နယ်ရှိ သောက်ရေသန့်များ လှူဒါန်းပေးလျက်ရှိရာ ယမန်နေ့က သရက်ချောင်ဘုန်းတော်ကြီးကျောင်းမှ ထမင်းထုပ်နှင့် ရေသန့်များ၊ maymyo music band မှ ကြက်ဥပြုတ်များကို အသီးသီးမျှဝေလှူဒါန်းခဲ့ကြကြောင်း သိရသည်။
မြတ်ဆုမွန်


