လားရှိုး  ၁၃    မတ်

 

နယ်စပ်ရေးရာဝန်ကြီးဌာန ၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ၊ ရှမ်းပြည်နယ် လားရှိုးခရိုင်ရုံးကွပ်ကဲမှု အောက်ရှိ (လားရှိုးမြို့)  ၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း အဆင့်မြင့် အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ် (၁) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်(ဝ၈:၃၀) နာရီတွင် သင်တန်းကျောင်းခန်းမ၌   ကျင်းပရာ    ပြည်နယ်ဒုတိယအထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန  ၊  ပြည်နယ်ဒုတိယ အုပ်ချုပ်ရေးမှူး  ၊ ဦးကျော်သူဇော်မှ  တက်ရောက်၍  သင်တန်းဆင်း အမှာစကား ပြောကြားသည်။

 

070

 

သင်တန်းတွင်  အမျိုးသမီးငယ်များကိုကျောင်းအိပ် ၊  ကျောင်းစားစရိတ်ငြိမ်းဖြင့်  သင်ကြား ပေးလျက်ရှိကြောင်း၊ သင်ထောက်ကူပစ္စည်း အစုံအလင်ထောက်ပံ့ပေးပြီး စာတွေ့လက်တွေ့သင်ကြား ပေးလျက်ရှိပါကြောင်း  ၊  သင်တန်းပြီးဆုံးပါက   တပိုင်တနိုင် လုပ်ကိုင်နိုင်ရန်   အပ်ချုပ်စက်များကို  အရစ်ကျ စနစ်ဖြင့် ရောင်းချပေးလျက်ရှိကြောင်း ၊ သင်တန်းကျောင်းအနေဖြင့် ယနေ့အချိန်ထိ အခြေခံအိမ်တွင်းမှု သင်တန်း  ပြီးဆုံးသူ( ၃၇၉၅) ဦး  အဆင့်မြင့်စက်ချုပ်သင်တန်း  ပြီးဆုံးသူ ( ၈၀၆ ) ဦး  ၊စုစုပေါင်း (၄၇၁၁) ဦးအနက်မှ  ကိုယ်ပိုင်အသက်မွေးဝမ်းကြောင်းပြုနိုင်သူ (၂၄၁၇) ဦး   ရှိကြောင်း ရှင်းလင်းပြောကြားပြီး   အခမ်းအနား တက်ရောက်လာသူများက   သင်တန်းဆင်းသင်တန်းသူများ၏ အဝတ်အထည် ၊ လက်မှုလက်ရာများ  ခင်းကျင်းပြသထားမှုများကို  ကြည့်ရှုကြသည်။

 

077

 

အဆိုပါသင်တန်းတွင် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းသူ(၅၀)ဦး တက်ရောက်သင်ကြားခဲ့ပြီး  သင်တန်းကာလမှာ ရက်သတ္တ(၁၈)ပတ် ကြာမြင့်ခဲ့ကြောင်းနှင့် သင်တန်းဆင်းပွဲကို  လားရှိုးမြို့ရှိ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ သင်တန်းဆရာမများ၊ သင်တန်းသူများ တက်ရောက် ခဲ့ကြကြောင်း သိရှိရသည်။

 

ဟန်ဌေး(လားရှိုး)