လားရှိုး ဇူလိုင် ၁၁
လားရှိုးမြို့၌ ကိုဗစ်-၁၉ အတည်ပြုလူနာများအား လားရှိုးမြို့ ပြည်သူ့ဆေးရုံကြီး စတင်ကြည့်ရှု ကုသပေးလျက်ရှိသည့်အပြင် ပြည်ထောင်စုအားကစားကွင်း မိုးလုံလေလုံခန်းမနှင့် ပညာရေးကောလိပ် စောင့်ကြည့်ကုသဆောင်များတွင် စောင့်ကြည့်ကုသပေးလျက်ရှိသည်။
ထိုသို့ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အဆင်ပြေစေနိုင်ရန်အတွက် လားရှိုးမြို့ စက်သုံးဆီ လုပ်ငန်းရှင်များအသင်းမှ စက်သုံးဆီဂါလန် ၁၀၀၀ (တန်ဖိုးအားဖြင့် သိန်းငါးဆယ်)ကို ယနေ့ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ကုသရေးအဖွဲ့သို့ လာရောက်လှူဒါန်းခဲ့ရာ တာဝန်ရှိသူများ လက်ခံရယူခဲ့ပြီး စက်သုံးဆီများလိုအပ်ပါက ထပ်မံလှူဒါန်းပေးသွားမည်ဖြစ်ကြောင်း ခရိုင်အဆင့် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကုသရေးကော်မတီမှ သိရသည်။
ဥမ္မာချို (ခရိုင် ပြန်/ဆက်)


