လားရှိုးမြို့ စည်ပင်သာယာရေးဌာနပိုင်ဈေးများကို သတ်မှတ်စည်းကမ်းချက်များအတိုင်းပြန်လည်ဖွင့်လှစ်

mdn

လားရှိုး ဩဂုတ်  ၂

 

လားရှိုးမြို့နယ် ကိုဗစ်(၁၉) ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီနှင့် မြို့နယ်စည်ပင်သာယာရေး ကော်မတီ တို့၏ စီစဉ်ဆောင်ရွက်မှုဖြင့် စားသောက်ရေးခက်ခဲမှုများမဖြစ်စေရေး အတွက် ဩဂုတ်(၁)ရက်မှ စတင်ကာ လားရှိုး မြို့နယ် စည်ပင်သာယာရေးဌာနပိုင် ဈေးကြီးများ ဖွင့်လှစ်ရောင်းချနေကြောင်းသိရှိရပါသည်။

 

ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ဈေးအတွင်းသို့ဝင်လျှင် အပူချိန်တိုင်းခြင်း ၊နှာခေါင်းစည်း တပ်ဆင်ခြင်း အစရှိသော ကာကွယ်ရေးလမ်းညွှန်ချက်များကို မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ကုသရေးကော်မတီ ဥက္ကဌ ဦးဇော်နိုင်ဦးနှင့်အဖွဲ့ဝင်များ၊မြို့နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဦးကျော်ဇင်နှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးကြပ်မတ်ကာ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့်အညီ ရောင်းချနိုင်ရေး လမ်းညွှန်မှာကြားခဲ့ကြကြောင်းသိရသည်။

 

မြို့မဈေး၊ လားရှိုးကြီးဈေး၊ အောင်မင်္ဂလာဈေးတို့တွင် နံနက်ပိုင်း မှ နေ့လည်(၁၂)နာရီအထိ သတ်မှတ်ထားသော ဆန်ဆိုင်၊စားသုံးဆီဆိုင်၊အသား/ငါးအရောင်းဆိုင်များ၊ ဆေးဝါးပစ္စည်းဆိုင်များကို ဖွင့်လှစ်ရောင်းချနေကြောင်းသိရသည်။


ဟန်ဌေး