လားရှိုး  ၁၇   ဇွန်

 

လားရှိုးမြို့၊ ရပ်ကွက်(၁၂)၊ နယ်မြေ(၁၉)၊ ဟူးမွန်ကျေးရွာတိုးချဲ့လမ်း၌ ယနေ့နံနက် ၇ နာရီ မိနစ် ၄၀ က မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ဟူးမွန်ကျေးရွာတိုးချဲ့လမ်းနေ ဦးဝမ်လောင်ပေါင်၏ (၁၇)ပေ (၁၁)ပေ ရှိ သွပ်မိုးထရံကာ၊ မြေစိုက်(၁)ထပ် နေအိမ်၌ မီးဖိုမီးကြွင်းမီးကျန်မှ တစ်ဆင့် နေအိမ်ထရံသို့ မီးကူးစက်လောင်ကျွမ်းခဲ့ပြီး ရပ်ကွက်နေပြည်သူများမှ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကာ လားရှိုးမီးသတ်မှ သန္ဓေမီးသတ်(၇)ဦး အရန်မီးသတ်(၃)ဦး၊ သန္ဓေမီးသတ်ကား(၂)စီးတို့ဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရသည်။

 

မီးလောင်မှုကြောင့် အခြားနေအိမ်များနှင့် လူများ ထိခိုက်မှုမရှိကြောင်းသိရပြီး ဦးဝမ်လောင်ပေါင်ကို လားရှိုးမြို့၊ အမှတ်(၂)နယ်မြေရဲစခန်းမှ အရေးယူထားရှိကြောင်း သိရသည်။

 

ဟန်ဌေး(လားရှိုး)

 

IMG_38