လားရှိုး ဖေဖော်ဝါရီ ၂၁

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲဖြစ်စဉ်များကြောင့် လားရှိုးမြို့၊ သီရိမင်္ဂလာ မန်ဆူရှမ်းကျောင်းတိုက်တွင် ရောက်ရှိနေကြသည့် ယာယီနေရပ်စွန့်ခွာပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးလျက်ရှိသည်။

 

အဆိုပါ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးသည့်နေရာသို့ လားရှိုးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးမင်းထွန်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန လားရှိုးခရိုင် ဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မော်ထွန်းနှင့် ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူတို့က ဖေဖော်ဝါရီ ၂၁ ရက် နံနက်ပိုင်းက သွားရောက်ကြည့်ရှု အားပေးခဲ့သည်။

 

လားရှိုးမြို့၊ သီရိမင်္ဂလာ မန်ဆူရှမ်းကျောင်းတိုက်တွင် ရောက်ရှိနေကြသည့် ယာယီနေရပ်စွန့်ခွာ ပြည်သူများအား အိမ်ထောင်စု မိတ္တူထုတ်ပေးခြင်း၊ အိမ်ထောင်စုမရှိသူများအား အိမ်ထောင်စုပြုလုပ်ပေးခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားလဲလှယ်ပေးခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ပျောက်ဆုံးသူများကို မိတ္တူထုတ်ပေးခြင်း၊ အသက် ၁၀ နှစ်နှင့် ၁၈ နှစ်ပြည့်သူများကို  နိုင်ငံသား စိစစ်ရေးကတ်ပြားများ ထုတ်ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

စိုင်းထွန်း(လားရှိုး)