လားရှိုး   နိုဝင်ဘာ  ၅

 

လားရှိုးမြို့ရှိ အသက်(၁၂)နှစ်ပြည့်ပြီးသူများကို နိုဝင်ဘာ(၅)ရက် နံနက် ၉ နာရီမှစတင်ကာ ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ဆေးထိုးစုရပ်(၅)ခုတို့၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

 

ယခုထိုးနှံပေးနေသော ကိုဗစ်-၁၉ ကာကွယ်ဆေးသည် ဆေးတစ်လုံးလျှင် လူ နှစ်ဦး ထိုးနှံရမည်ဖြစ်သည်။ လားရှိုးမြို့နယ်အတွက်ရရှိသော ကိုဗစ်-၁၉ ကာကွယ်ဆေး (၂၂၂၆)လုံးရရှိမှုမှ အသက်(၁၂)ပြည့်ပြီးသော ကျောင်းသားကျောင်းသူများ (၃၉၉၅)ဦးတို့ကို ထိုးနှံပေးသွားမည်ဖြစ်သည်။

 

ဆေးထိုးစုရပ်များအနေဖြင့် လားရှိုးမြို့ရှိ အခြေခံပညာကျောင်းများဖြစ်သော အမှတ်(၁) (၂) (၃) (၄) (၅) (၆) အထက်တန်းကျောင်းများ၌ ထိုးနှံပေးသွားမည်ဖြစ်သည်။ အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီက စီစဉ်ဆောင်ရွက်ပြီး လားရှိုးမြို့နယ်ကျန်းမာရေးဦးစီးဌာနက ထိုးနှံပေးလျက်ရှိပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စာရေးများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ ကူညီဆောင်ရွက်ပေးနေကြောင်း သိရသည်။

 

လားရှိုးမြို့နယ်အနေဖြင့်လည်း Stay at Home အစီအစဉ်မှာ ပယ်ဖျက်ခြင်းမရှိသေးကြောင်းလည်း သိရသည်။

 

ဟန်ဌေး