လားရှိုး နိုဝင်ဘာ ၃
လားရှိုးမြို့ရှိ အသက်(၁၈)နှစ် အထက်ရှိသူများကို နိုဝင်ဘာ(၃)ရက် နံနက်(၉)နာရီမှ စတင်ကာ ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ဆေးထိုးစုရပ်(၅)ခုတို့၌ ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။
လားရှိုးမြို့နယ်တစ်ခုလုံးအတွက် နိုဝင်ဘာ(၁)ရက်နေ့မှရရှိသော ကိုဗစ်-၁၉ ကာကွယ်ဆေး (၄၁၃၈)လုံးရရှိထားပြီး ရပ်ကွက်၊ကျေးရွာ၊မြို့ပေါ်ရှိ အသက်(၄၀)နှစ်ပြည့်ပြီးသူများ (၂၀၆၉၀) ဦးတို့ကို ပထမအကြိမ်ထိုးနှံပေးခဲ့ပြီး ပိုလျှံဆေးများမှ အသက်(၁၈)နှစ်ပြည့်ပြီးသူများကို ဆက်လက်ထိုးနှံပေးခြင်းဖြစ်သည်။
ရပ်ကွက် ၁/၂/၃/၆ ရှိအသက်(၁၈)နှစ်ပြည့်ပြီးသူများအနေဖြင့် ခုတင်-၅၀၀ ပြည်သူ့ဆေးရုံကြီးတွင် လည်းကောင်း၊ ရပ်ကွက်၄/၅ ရှိ(၁၈)နှစ်ပြည့်ပြီးသူများအနေဖြင့် အထက(၆)၌ လည်းကောင်း၊ ရပ်ကွက်၉/၁၀/၁၁ရှိ (၁၈)နှစ်ပြည့်ပြီး သူများအနေဖြင့် အထက(၄)၌လည်းကောင်း၊ ရပ်ကွက်၇/၈ရှိ(၁၈)နှစ်ပြည့်ပြီး သူများအနေဖြင့် ရွှေကြယ်ခန်းမ၊ နှင့်ရပ်ကွက်(၁၂)ရှိ(၁၈)နှစ်ပြည့်ပြီး သူများအနေဖြင့် အထက(၃) တို့တွင် အသီးသီးသွားရောက်ထိုးနှံကြရမည်ဖြစ်ပါသည်။
လားရှိုးမြို့နယ်အနေဖြင့်လည်း (Stay at Home) အစီအစဉ်မှာ ပယ်ဖျက်ခြင်းမရှိသေးကြောင်းလည်း သိရှိရသည်။
ဟန်ဌေး(လားရှိုး)


