လားရှိုး ဇွန် ၂၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ ခရိုင်အားကစားကွင်းတွင် ဇွန် ၂၄ ရက် ညနေပိုင်းက ပြည်နယ် ဒုတိယ/ ခရိုင်/ မြို့နယ် ဌာနဆိုင်ရာဘောလုံးအသင်းနှင့် မြို့မိမြို့ဖဘောလုံးအသင်းတို့၏ ချစ်ကြည်ရေး ဘောလုံးပြိုင်ပွကို ပြုလုပ်ခဲ့သည်။
ပြိုင်ပွဲတွင် ဌာနဆိုင်ရာအသင်းက မြို့မိမြို့ဖအသင်းကို နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ဆုပေးပွဲတွင် အနိုင်ရ ဘောလုံးအသင်းအား ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ဆုငွေ ကျပ် ငါးသိန်းချီးမြှင့်ရာ ဒိုင်းဆုနှင့်အတူ လားရှိုးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဌေးလွင်က ဝန်ကြီးချုပ်ကိုယ်စား ပေးအပ်ခဲ့သည်။ ထို့နောက် ပြည်နယ်ဒုတိယ/ ခရိုင်/ မြို့နယ် ဌာနဆိုင်ရာများနှင့် မြို့မိမြို့ဖ၊ စီးပွားရေး လုပ်ငန်းရှင်များ စုပေါင်း၍ ရှမ်းပြည်နယ်ကိုယ်စားပြု ပိုက်ကျော်ခြင်း လက်ရွေးစင်အသင်းအား ငွေကျပ်သိန်း ၂၀ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
စိုင်းအောင်ကျော်စိုး