လားရှိုး   ၁၅   သြဂုတ်


လားရှိုးမြို့နယ် နောင်မွန်အုပ်စု၊ ပုန်းထွန်ကျေးရွာနှင့်နောင်ကွဲကျေးရွာကြား၌ သြဂုတ် ၁၅ ရက်နေ့၊ နံနက် (၁၀)နာရီခွဲ အချိန်ခန့်က ဘုရားဖူးယာဉ်တစ်စီး အရှိန်လွန် တိမ်းမှောက်ကြောင်း သိရသည်။


ယာဉ်မောင်းမျိုးမင်းဦး မောင်းနှင်လာသောယာဉ်အမှတ် ကြယ်စင်ကောင်းကင် ဘုရားဖူးခရီးသည်တင်ယာဉ်သည် လားရှိုးဘက်မှ မန္တလေးဘက်သို့ မောင်းနှင်လာစဉ် လားရှိုးမြို့နယ်၊ နောင်မွန်အုပ်စု၊ ပုန်းထွန်ကျေးရွာနှင့် နောင်ကွဲကျေးရွာကြား၊မိုင်တိုင်အမှတ်(၁၅၆/၃) အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြော မြေသားလမ်းပေါ်၌ တိမ်းမှောက်ခဲ့ပြီး ၎င်းယာဉ်ပေါ်ပါ ခရီးသည်ရှစ်ဦးမှာ ဒဏ်ရာများရရှိခဲ့ပြီး မဝိုင်းပြည့်(၁၈)နှစ်တွင်  ဒဏ်ရာများရရှိကာ အခင်းဖြစ်ရာနေရာတွင် သေဆုံးသွားကြောင်း သိရသည်။
 

ဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မောင်း မျိုးမင်းဦးကို  ဥပဒေအရအရေးယူရန်ဆောင်ရွက်ထားရှိကြောင်း လားရှိုးမြို့၊အမှတ်(၁၂၁)ယာဉ်ထိန်းရဲတပ်ဖွဲ့ဒုရဲအုပ် ကိုသက်ထံမှ သိရသည်။


ဟန်ဌေး(လားရှိုး)