လားရှိုး မေ ၂၄

 

၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် မေ ၂၄ ရက် နံနက်ပိုင်းက လားရှိုးမြို့၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျောင်းသား ကျောင်းသူများ၏ ကျောင်းအပ်နှံမှုကို လားရှိုးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးမင်းထွန်းနှင့် ခရိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက သွားရောက်ကြည့်ရှု အားပေးကြသည်။

 

လားရှိုးမြို့နယ်တွင် ကျောင်းအပ်နှံသည့် ပထမနေ့ဖြစ်သည့် မေ ၂၃ ရက်တွင် လားရှိုးမြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံသူ ကျောင်းသား ကျောင်းသူဦးရေ စုစုပေါင်း ၂၂၂၅ ဦး ရှိပြီး ၂၀၂၃ -၂၀၂၄  ပညာသင်နှစ်အတွက် အခြေခံပညာ ကျောင်းများ ဖွင့်လှစ်မှုအနေဖြင့် အထက်တန်းကျောင်း ၁၄ ကျောင်း၊ အထက်တန်းကျောင်း(ခွဲ) ၁၀ ကျောင်း၊ အလယ်တန်းကျောင်း သုံးကျောင်း၊ အလယ်တန်းကျောင်း(ခွဲ) ၂၄ ကျောင်း၊ မူလတန်းလွန်ကျောင်း ၄၉ ကျောင်း၊ မူလတန်းကျောင်း ၇၉ ကျောင်း၊ မူလတန်းကျောင်း (ခွဲ) ၃၇ ကျောင်း၊ ကိုယ်ပိုင်ကျောင်း ၂၂ ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ခြောက်ကျောင်းရှိကြောင်း လားရှိုးမြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

 

စိုင်းထွန်း(လားရှိုး)