နေပြည်တော် ၁၃  ဇန်နဝါရီ 

 

မူးယစ်တပ်ဖွဲ့စု(၂၄)လားရှိုးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၁၂ ရက် နံနက်ပိုင်းက လားရှိုးမြို့နယ်၊ ခါးသျှိ(အောက်)ကျေးရွာအဝင်၊ လားရှိုး-တန့်ယန်းသွားကားလမ်းတွင် အကျူးဖာနှင့် အဆေးဖာတို့နှစ်ဦးမောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်(၂)စီး ရောက်ရှိလာ၍ရှာဖွေရာ ဘိန်းစိမ်း ၇ ကီလို၊ ငွေကျပ် ၁ သိန်းနှင့် လက်ကိုင်ဖုန်း ၂ လုံး တို့ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သည်။

 

အလားတူ ယင်းနေ့  မွန်းလွဲပိုင်းတွင် မူးယစ်တပ်ဖွဲ့စု(၂၆)ပင်လောင်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖယ်ခုံမြို့နယ်၊ နားဟီးကျေးရွာအုပ်စု၊ နားကုန်းကျေးရွာနှင့်ကာလ ကျေးရွာသွား လမ်းတွင် သန်းထွန်း(ခ)သန်းထွန်းပိန် မောင်းနှင်လာသော မော်တော်ဆိုင်ကယ် ရောက်ရှိလာ၍ရှာဖွေရာ ဘိန်းစိမ်း ၄ ဒသမ ၄ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် ၄င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

MDN