နေပြည်တော် ၂၀ မေ

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၁၉ ရက် ညနေပိုင်းက လားရှိုးမြို့နယ်၊ မန်အိုင်ကျေးရွာအုပ်စု၊ ကုန်းညောင်ကျေးရွာအနီးတွင် ထွန်းထွန်း(ခ)ယာကုတ် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၅,၀၀၀၊ ဘိန်းဖြူ သုည ဒသမ ၀၁ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် ထွန်းထွန်း(ခ)ယာကုတ် (၃၄)နှစ်အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း  သိရသည်။

ရဲပြန်ကြား