လားရှိုး ဩဂုတ် ၁၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးမြို့ရှိဘာသာရေးအဆောက်အအုံများ၌ ခရိုင်နှင့်မြို့နယ်ကိုဗစ်- ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ပိုးသတ်ဆေးဖျန်းခြင်းကို ယနေ့ နံနက်(၉)နာရီ အချိန်က စတင်ဆောင်ရွက်ခဲ့သည်။

အဆိုပါ ဘာသာရေးအဆောက်အအုံများ၌ ပိုးသတ်ဆေးဖျန်းခြင်းကို ခရိုင်နှင့်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီမှ တာဝန်ရှိသူများ၊ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ခရိုင်မီးသတ်မှ တာဝန်ရှိသူများ၊တပ်မတော်သားများနှင့် ရွှေသံလွင်လူမှုကူညီရေးအဖွဲ့များက အဖွဲ့(၃)ဖွဲ့ခွဲ၍ လားရှိုးမြို့မဟာမြတ်မုနိဘုရား၊ မြို့မကျောင်း၊ မေတ္တာရောင်ခြည်ကျောင်း၊ သဲအင်းဂူကမ္မဌာန်းကျောင်း၊ ခါးရိုးပရိတ္တကျောင်း၊ မြို့လယ်ကျောင်း၊ ယေရှုရွှေနှလုံးသားတော် ကက်သလစ်ဘုရားကျောင်းးနှင့် ခရစ်ယာန်ဘုရားကျောင်းတို့တွင် ယနေ့မှစ၍  ပိုးသတ်ဆေးဖျန်းခြင်းဆောင်ရွက်လျက်ရှိပြီး၊လားရှိုးမြို့ရှိ  ဘာသာရေးအဆောက်အအုံများအား  ဩဂုတ်လ ၁၆ရက်နေ့ထိ ဆေးဖျန်းပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီထံမှ သိရသည်။

ဥမ္မာချို
ခရိုင်ပြန်/ဆက်

mdn