လားရှိုး ဇူလိုင်  ၁၆

 

လားရှိုးမြို့တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများကို ဌာနဆိုင်ရာများ၊ လူမှုရေးအသင်း အဖွဲ့များ၊ စေတနာရှင်/အလှူရှင်များ ပူးပေါင်း၍ ကိုဗစ်-၁၉ သံသယလူနာများအား စောင့်ကြည့်ကြပ် မတ်ရေး၊ ပိုးတွေ့လူနာများအား သီးခြားထားရှိကာ ကုသပေးရေး၊ အောက်ဆီဂျင်များ လုံလောက်စွာရရှိရေး စသည့် လုပ်ငန်းများကို အချိန်နှင့်တပြေးညီ ဆောင်ရွက်ပေးလျက်ရှိသည်။

 

ထိုသို့ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၁၅ ရက် နံနက်ပိုင်းက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ပေးပို့လာသော Oxygen Plant ကို လားရှိုးမြို့ ပြည်သူ့ဆေးရုံ၊ ဆေးရုံအုပ်ကြီး ရုံးဘေးအဆောင်တွင် တပ်ဆင်ထားရှိရာ တာဝန်ရှိသူများက ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

 

ဥမ္မာချို(ခရိုင် ပြန်/ဆက်)

 

mdn