လားရှိုး   နိုဝင်ဘာ   ၆

လားရှိုးမြို့နယ် စည်ပင်သာယာရေးဌာနမှ မြို့တွင်းသန့်ရှင်းသာယာရေးနှင့် အန္တရာယ် ကင်းရှင်းရေးအတွက် လမ်းနယ်မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းကို နိုဝင်ဘာ ၅ ရက်က လုပ်ဆောင်ခဲ့ကြသည်။

လားရှိုးမြို့ မြို့ပတ်လမ်းမှ ဘူတာလမ်းအထိ ၆၅ ပင်နှင့် သိပ္ပံလမ်တွင် ၂၄ ပင် စုစုပေါင်း ၈၉ ပင်အား ခုတ်ထွင်ရှင်းလင်းခဲ့သည်။ ဆက်လက်၍ ဘူတာလမ်းတစ်လျှောက်၊ သိန္နီလမ်း၊ သီပေါလမ်းများပေါ်ရှိ အုပ်ဆိုင်း၍ အန္တရာယ်ဖြစ်စေနိုင်သော သစ်ပင်သစ်ကိုင်းများအား လားရှိုးမြို့နယ် စည်ပင်သာယာရေးဌာနအနေဖြင့် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ဟန်ဌေး