လားရှိုး ၁၉ စက်တင်ဘာ
ရှမ်းပြည်နယ်(မြောက်ပိုင်း) သိန္နီ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းတာဝန်ခံ၊ဖျက်ဆီးစစ်ဆေးရေးဥက္ကဌ ဦးစီးအဖွဲ့က သုံးစွဲရန်မသင့်သည့် တရားမဝင် တရုတ်နိုင်ငံထုတ်စားသောက်ကုန်များအား ဖျက်ဆီးခြင်းအား ယနေ့ နံနက်ပိုင်းက လားရှိုးမြို့၊အကောက်ခွန်ရုံးဝင်းအတွင်း၌ လမ်းကြိတ်စက်ဖြင့်ဖျက်ဆီးခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများဖြင့် ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။
၂၀၁၉ ခုနှစ် မတ်လမှ ဇူလိုင်လအထိ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းမှ ဖမ်းဆီးရမိသော သုံးစွဲရန်မသင့်သည့် တရားမဝင် တရုတ်နိုင်ငံထုတ်စားသောက်ကုန်များမှ ဘီယာ၊မှိုခြောက်၊ဆေးလိပ်၊ကြက်အူချောင်း၊ အဆီချဆေးများ အပါအဝင် ပစ္စည်းအမျိုးပေါင်း ၃၇ မျိုး၊အမှုပေါင်း(၂၀)မှု၊ကာလတန်ဖိုးကျပ် ၁၆၀၉၉၅၀ဝ၀ အား ဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး၂၀၁၉ခုနှစ်အတွင်း(တတိယအကြိမ်)ဖျက်ဆီးခြင်းဖြစ်ကြောင်း သိရသည်။
ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းစတင်ဖွင့်လှစ်ခဲ့သည့်၂၀၁၇ခုနှစ်(၂)လပိုင်းမှ၂၀၁၉ခုနှစ်(၉)လပိုင်းအထိအမှုပေါင်း(၃၄၀)မှု၊ခန့်မှန်းတန်ဖိုးကျပ် ၉၇၅၁၉၂၈၀ဝ ခန့်ဖျက်ဆီးခဲ့ပြီးဖြစ်ကြောင်း ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းတာဝန်ခံ၊ဖျက်ဆီးစစ်ဆေးရေးဥက္ကဌထံမှသိရှိရသည်။
ဟန်ဌေး(လားရှိုး)


