လားရှိုး ဖေဖော်ဝါရီ ၂၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးမြို့တွင် ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန ၂၀၂၅-၂၀၂၆ ပညာသင်နှစ် လားရှိုးတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ကြက်တောင်အားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါတက္ကသိုလ်ရှိ အားကစားခန်းမ၌ ကျင်းပသည်။
ဦးစွာ လားရှိုးတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ် ဆရာကြီး ဒေါက်တာဌေးလွင်က ၂၀၂၅-၂၀၂၆ ပညာသင်နှစ် လားရှိုးတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ကြက်တောင်အားကစားပြိုင်ပွဲ ကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ဒုတိယပါမောက္ခချုပ် ဆရာကြီးနှင့် တာဝန်ရှိသူများက လားရှိုးခရိုင် ကြက်တောင် အားကစားဒိုင်အဖွဲ့အား အမှတ်တရပစ္စည်းများပေးအပ်ပြီး အမျိုးသား၊ အမျိုးသမီးတစ်ဦးချင်း၊ နှစ်ဦးတွဲ ထူးချွန်ဆုရရှိသည့် ကျောင်းသား ကျောင်းသူများအား ထူးချွန်ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကာ ပြိုင်ပွဲကို ဖေဖော်ဝါရီ ၂၁ ရက်မှ ၂၃ ရက်အထိ ကျင်းပခဲ့သည်။
လူမော်(ပြန်/ဆက်)


